ဦးရေပြားကောင်းမွန်စေရန်နှင့် ဗောက်ပျောက်စေရန် ထိန်းသိမ်းခြင်း
28-Mar-2022ဦးရေပြားကို အသာအယာနှိပ်နယ်တာမျိုးနဲ့ ပုံမှန်ခေါင်းလျှော် ပေးတာမျိုးက ဦးရေပြားကိုကြံ့ခိုင်စေပါတယ်။ဗောက်ထတာမျိုးကိုလည်း ဗောက်ပျောက်ဆေးရည်ပါတဲ့ေ ခါင်းလျှော်ရည်မျိုး anti-dandruff shampoo နဲ့တစ်ပတ်နှစ်ကြိမ်လောက်လျှော်ပေးနိုင်ပါတယ်။ ရိုးရိုးခေါင်းလျှော်ရည်နဲ့လျှော်လိုက်၊ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့လျှော်ပေးလိုက်နဲ့တစ်လှည့်စီမှန်မှန်လျှော်ပေးရင် ဗောက်များပျောက်သွားပါစေလိမ့်မယ်။ဗောက်ရှိသည့် ဆံပင်ဦးရေပြားအတွက် ဗက်တီးရီးယားပိုးနဲ့မှိုတွေကိုဖယ်ရှားနိုင်တဲ့ဖော်စပ်ထားတဲ့ဆေးရည်(Anti-Dandruff Shampoo)ကိုအသုံးပြုရပါလိမ့်မယ်။အခြားအသုံးပြူနေကြခေါင်းလျှော်ရည်နဲ့ကြားညှပ်ပြီးအသုံးပြုနိုင်ပါတယ်။တခြားခေါင်းလျှော်ရည်နှစ်ကြိမ်သုံးပြီး သူ့ကိုတစ်ကြိမ်လောက်သုံးပေးရပါမယ်။
ခေါင်းလျှော်ရည် အမျိုးအစားများ
၁။ Gentle
Shampoo (အပျော့စားခေါင်းလျှော်ရည်)
၂။
Moisturizing Shampoo (အစိုဓာတ်ပါခေါင်းလျှော်ရည်)
၃။
Coloured Hair Shampoo (ဆံပင်အရောင်ဆိုးသူများအတွက်)
၄။ Permed
Hair Shampoo ( ဆံပင်ကောက်သူများအတွက်)
၅။Greasy
Formula Shampoo ( အဆီအထွက်များသည့်ဆံပင်သားအတွက်ခေါင်းလျှော်ရည်)
Credit : နန်းအိအိဇာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး
Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့်
၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနဲ့
တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။