Print

ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာ (Asthma Triggers) များ

  12-Dec-2025
Preview Image

         ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာ (Asthma Triggers) များ


          ပန်းနာရင်ကျပ်ရောဂါဖြစ်စေသောအရာများဆိုသည်မှာ ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ဖြစ်စေသော သို့မဟုတ် ပိုမိုဆိုးရွားစေသော အရာများကိုခေါ်ပါသည်။ ထိုအရာများမှာ တိကျသော အရာတစ်ခုတည်းဖြစ်နိုင်သလို သို့မဟုတ် အကြောင်းအရာများစွာလည်း ရှိနိုင်ပါသည်။

အဖြစ်များသော အရာများမှာ-

ဓာတ်မတည့်ခြင်းများ :   ဝတ်မှုန်၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန်အမွေးများ၊ လေထဲတွင်ရှိသော အခြားဓာတ်မတည့်စေသည့် အရာများ

အေးသောလေ   :  အထူးသဖြင့် ဆောင်းရာသီတွင်ပိုဖြစ်နိုင်ပါသည်

ကိုယ်လက်လှုပ်ရှားမှု   :   ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားများ

မှို   :   ဓာတ်မတည့်မှုမရှိသည့်တိုင်အောင် ရင်ကြပ်ကိုပိုဆိုးစေနိုင်ပါသည်

လုပ်ငန်းခွင်အတွင်းထိတွေ့မှုများ   :   သစ်သားမှုန့်၊ ဂျုံမှုန့်၊ ကော်များ၊ ရာဘာ (latex)၊ ဆောက်လုပ်ရေးပစ္စည်းများ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ   :   အအေးမိခြင်း၊ တုပ်ကွေးနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုများ

မီးခိုးငွေ့   :   ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါးသောက်သော ဆေးလိပ်ငွေ့ ၊ အရာဝတ္ထုများပေါ်ကပ်ပါနေသော ဆေးလိပ်အငွေ့အကြွင်းအကျန်များ 

စိတ်ဖိစီးမှု (Stress)   :   ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ

ပြင်းအားများသော ဓာတုပစ္စည်းများ သို့မဟုတ် အနံ့များ    :   ရေမွှေးများ၊ လက်သည်းနီ၊ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ၊ လေထုသန့်စင်ဆေးများ

လေထဲရှိ အဆိပ်အတောက်များ    :   စက်ရုံထုတ် စွန့်ပစ်ပစ္စည်းများ၊ ကားမီးခိုးငွေ့များ၊ တောမီးခိုးငွေ့များ

7887 Healthcare



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18