Print

နားထဲရေဝင်လျှင် လုပ်ဆောင်ရမည့်အချက်များ

  30-Dec-2025
Preview Image

နားထဲရေဝင်လျှင် လုပ်ဆောင်ရမည့်အချက်များ

                     နားထဲရေဝင်သည့်အခါ အလွယ်တကူ ပြန်ထွက်သွားလျှင် ပြသာနာမရှိပေမယ့် ရက်ကြာကြာ နားထဲရှိနေပါက မသက်မသာဖြစ်ခြင်း၊ နားအူခြင်း၊ နားထဲ ပိုးဝင်ခြင်းများ ဆက်လက်ဖြစ်နိုင်ပါသဖြင့် ထိုကဲ့သို့ မဖြစ်ရအောင် နားထဲရေဝင်လျှင် မြန်မြန်ဆန်ဆန် နည်းစနစ်ကျကျ လုပ်ဆောင်ရမည့် အချက်များကို ဖော်ပြထားပါသည်

(၁) ခေါင်းကို ရေဝင်သည့် နားဘက်သို့ စောင်းထားပါ

နားရွက်ကို ( လူကြီးတွင် အပေါ်အောက် ) / ( ကလေးတွင် အရှေ့အနောက်) အသာအယာဆွဲကြည့်ပါ

နားပြွန်ကို ကောင်းကောင်းပွင့်စေပြီး ရေထွက်လာရန် အထောက်အကူပြုပါသည်။


(၂) ရေဝင်သည့်နားဘက်သို့ ခေါင်းကို စောင်း၍ အိပ်ပါ ၊ ကမ္ဘာ့ဆွဲအား (gravity effect ) နှင့် ရေများ ထွက်လာရန် ထို အနေအထားအတိုင်းမိနစ်အနည်းငယ်နေပါ 

(၃) ရေဝင်သည့်နားဘက်ကို စောင်းပြီး လက်ဖဝါးဖြင့် အသာအယာဖိပြီး ပြန်ခွါပါ ( နားကို မရိုက်ရပါ) 

ဖိအားအနည်းငယ်ဖြစ်စေပြီး လက်ခွါသည်နှင့်အတူ ရေကိုဆွဲထုတ်သကဲ့သို့ နားထဲကျန်သော ရေများ ထွက်လာနိုင်ပါသည်။

(၄) နားပေါ်တွင် ၅-၁၀ မိနစ်ခန့် ရေနွေးအိတ်ကပ်ထားပါ

( Eustachian tube ) နားပြွန်လမ်းကြောင်းကို ပွင့်စေပြီး ရေထွက်လာစေနိုင်ပါသည်

(၅) ရေဝင်သည့်နားဘက်သို့ hairdryer ဖြင့် အနိမ့်ဆုံးအပူချိန်အဆင့်တွင်ထား၍ ၁၅ လက်မခန့် အကွာမှ လေမှုတ်ပေးပါ

ထိုကဲ့သို့ Evaporation method ( အငွေ့ပျံခြင်း) နည်းလမ်းဖြင့်လဲ ရေထွက်အောင်လုပ်နိုင်ပါသည်။


  မလုပ်ရမည့်အချက်များ  


-နားထဲကို ဘာမှ မထည့်ရပါ ( တစ်ရှူး၊ ဂွမ်း၊ အရက်ပြန်၊ ဆီထည့်ခြင်း၊ နားကြပ်တံဖြင့် နားကလော်ခြင်း) 

-ပိုးသတ်ဆေးများ၊ နားသန့်ဆေးများကိုလဲ အလွယ်တကူ မထည့်ရပါ ၊ ဆရာဝန်ညွှန်ကြားမှသာ ထည့်ပါရန်

-ခေါင်းကို ကြမ်းတမ်းစွာ လှုပ်ခါ၍ ရေထုတ်ခြင်း မပြုရ၊ မူးဝေ၍ ထိခိုက်ဒဏ်ရာရနိုင်ခြေရှိပါသည်


 အောက်ပါအချက်များရှိပါက ဆရာဝန်နဲ့ ပြသ၍ ထိရောက်စွာ ကုသရန်လိုအပ်ပါသည်။


နားကိုက်ခြင်း

နားထဲမှ အနံ့နံသောအရည်များထွက်ခြင်း၊ ပြည်ထွက်ခြင်း

ဖျားခြင်း

အကြားအာရုံ လျော့ကျလာခြင်း


Dr.KZO

M.B.,B.S ( YGN)

7887 healthcare 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18