အထိုင်များတဲ့ အန္တရာယ်
04-Mar-2026
အထိုင်များတဲ့ အန္တရာယ်
++++++++++++++
ဒီနေ့ခေတ်လူတွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ခရီးသွားနေတုန်း ကားပေါ်မှာပဲဖြစ်ဖြစ် ထိုင်တာကြာလာရင် ဖြစ်တတ်တဲ့ပြဿနာတွေက လူတိုင်းကြုံလေ့ကြုံထရှိကြပါတယ်။ ၂၀၁၃ တုန်းက လုပ်ခဲ့တဲ့စစ်တမ်းတွေအရ လူတစ်ယောက်ဟာ တစ်နေ့လုံးမှာ ထိုင်ချိန် စုစုပေါင်း ၁၃ နာရီရှိရမှာဖြစ်ပြီး အိပ်ချိန်က ၈ နာရီရှိရမှာဖြစ်ပါတယ်။ ဒီစစ်တမ်းဟာ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။
အထိုင်များရင်တော့ မြန်မာလိုနားလည်လွယ်အောင် ပြောလိုက်တာပါ။ အမှန်တော့ တစ်နေရာတည်းမှာ အကြာကြီး ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ ထိုင်နေတတ်တာ၊ တစ်ခုခုကို အာရုံစိုက်ပြီး ထမင်းမေ့၊ ဟင်းမေ့ ထိုင်နေတာမျိုးပေါ့။ အဲဒီလိုထိုင်တာ ကြာလာတဲ့အခါ လေ့လာစမ်းသပ်ချက်တွေအရ
ဗိုက်အဆီစုလာခြင်း
ဝမ်းဗိုက်အဆီစုတာ၊ ဗိုက်ခေါက်ထွက်လာတာတွေက အထိုင်များခြင်းနဲ့ အများဆုံးသက်ဆိုင်နေတာ တွေ့ရပါတယ်။ သင်က ထိုင်တာကြာလေလေ သကြားဓာတ်နဲ့ အဆီဓာတ်တွေ ပိုမိုစုလာလေလေ ဖြစ်တာကြောင့် ဝမ်းဗိုက်ပိုင်းတစ်ဝိုက်မှာ အဆီတွေ ပိုမိုစုဝေးလာပြီး ဗိုက်ခေါက်ထွက်လာရတာပဲဖြစ်ပါတယ်။ တချို့ရှိပါတယ်။ ဗိုက်ခေါက်တွေထွက်လာလို့ ညစာမစားတော့တာတို့၊ တစ်နေ့လုံးမှာမှ နေ့လယ် ထမင်းတစ်နပ်ကိုပဲ ကောင်းကောင်းစားလိုက်တာတို့ပေါ့။ အဲဒီလိုလုပ်ခြင်းအားဖြင့် ဗိုက်ခေါက်ကို ကျစေတာ မဟုတ်ဘဲ လိုအပ်တဲ့အာဟာရ ဓာတ်တွေပါ လျော့ပါးသွားစေတာမို့ မလိုလားအပ်တဲ့ ရောဂါတွေပါ ထပ်ဝင်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလောက်တော့ စားပါ။ နောက်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။
နှလုံးရောဂါ
အထိုင်များခြင်းဟာ ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်လေ။ အထူးသဖြင့် နှလုံးကျန်းမာရေးကို ပိုမိုထိခိုက်စေပါတယ်။ တစ်နေရာတည်းမှာပဲ မရွှေ့ဘဲ အချိန်အကြာကြီး ထိုင်နေတာဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သွေးစီးဆင်းမှု နှေးကွေးစေနိုင်ပါတယ်။ အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။ အဲဒီလို သွေးစီးဆင်းမှု လျော့နည်းခြင်းဟာ သွေးကြောတွင်း သွေးခဲဖြစ်ပေါ်မှုနဲ့ နှလုံးသွေးကြောကျဉ်း / ပိတ်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားမြင့်တက်ပြီး ကိုလက်စထရောတွေ စုပုံစေလို့ နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ ပိုဖိအားပေးစေနိုင်ပါတယ်။
နောက်ကျောတက်၊ ဇက်ကြောထိုးခြင်း
နေရာအပြောင်းအရွှေ့မရှိဘဲ အထိုင်များလွန်းရင် နောက်ကျောတက်တာ၊ ဇက်ကြောထိုးတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ကျောရိုးမကြီးအောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရတာဟာ တစ်နေရာတည်းမှာ အကြာကြီးထိုင်တာကြောင့်လည်းပါသလို အာရုံစူးစိုက်မှု အကြာကြီးလုပ်ရင်လည်း ဖြစ်တတ်ပါတယ်။ အထိုင်များလို့ဖြစ်ရတဲ့ပြဿနာမို့ ထိုင်တာကြာလာရင် လမ်းထလျှောက်လိုက်တာ၊ ပုံစံမပျက်ထိုင်တာထက် ပုံစံလေး နည်းနည်းချိန်းပြီး ထိုင်တာမျိုးလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါတယ်။
သွေးတွင်း သကြားဓာတ် များပြားလာခြင်း
လူတွေဟာ ကိုယ်ဘာကြောင့် ဆီးချိုသွေးချို ဖြစ်ရသလဲဆိုတာ အချိုတွေအရမ်းအစားများလို့၊ လက်ဖက်ရည်၊ ကော်ဖီတွေ အသောက်များလို့ဆိုပြီး ထင်ကြပေမယ့် အထိုင်များခြင်းဟာလည်း ဆီးချိုသွေးချိုဖြစ်ဖို့ လမ်းစတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ အထိုင်များခြင်းဟာ သွေးတွင်း သကြားဓာတ်စုပုံခြင်းကို ဖြစ်ပေါ်စေတာမို့ ဆီးချိုေသွေးချိုဖြစ်စေပါတယ်။ ဒါကြောင့် အထိုင်များတာနဲ့အမျှ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတွေလည်း လုပ်ပေးဖို့ လိုပါတယ်။
ကင်ဆာဖြစ်ပွားမှုမြင့်မားစေခြင်း
အူမကြီးကင်ဆာ၊ ဆီးလမ်းကြောင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အူသိမ်ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ အစာစားပြီးပြီးချင်း ထိုင်ပြီး အလုပ်လုပ်တာတွေက အူသိမ်ဦးပိုင်းမှာ ကင်ဆာဖြစ်ပွားမှုကို တိုးမြင့်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်စုပုံမှုကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ခြင်း
ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွင်းကို သွေးစီးဆင်းမှု နှေးကွေးခြင်းကြောင့် ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ထွက်ပေါက်မရှိသလို ခံစားလာရပြီး တစ်ခါတစ်ခါ သတိလက်လွတ် ဖြစ်ဖြစ်သွားတာတွေလည်း ဖြစ်လာတတ်ပါတယ်။
ကြွက်တက်ခြင်းနှင့် ခြေထောက်ဖောရောင်ခြင်း
ကြွက်တက်ခြင်းဟာ အထိုင်များလို့ အကြောတွေ အားနည်းပြီး ခြေထောက်သွေးမလျှောက်လို့ ခြေထောက် ဖောရောင်ခြင်းတွေ ခဏခဏ ဖြစ်တတ်ပါတယ်။ ခါးနာခြင်း၊ ခါးအကြောညပ်ခြင်းတွေလည်း ဖြစ်တတ်တာကို သတိထားသင့်ပါတယ်။ ကားအကြာကြီး ထိုင်စီးလာတာ၊ အလုပ်အကြာကြီး ထိုင်လုပ်တာ ဒါမှမဟုတ် လေယာဉ်ပျံအကြာကြီးစီးလာတာမျိုးမှာ ခြေထောက်တွေ ဖောလာတာတွေ့ရမှာပါ။ အဲဒီလို ဖောရောင်လာတာကြောင့် နာကျင်မှု ပိုမိုလာတတ်ပါတယ်။
ဘာလေးတွေ လုပ်ပေးသင့်သလဲ
- မကြာခဏမတ်တပ်ရပ်ပေးသင့်ပါတယ်။ လမ်းလေးလျှောက်ပေးပါ။
- အကြာကြီး မိနစ် ၃၀ လောက် အလုပ်လုပ်ပြီး ဆယ်မိနစ်လောက် လမ်းလျှောက်ပေးပါ။
- ဖြစ်နိုင်ရင် လမ်းလျှောက်သွား လမ်းလျှောက်ပြန်လို့ရတဲ့နေရာမှာ ကားစီးတာ၊ ဆိုက်ကားစီးတာမျိုးမလုပ်ပါနဲ့။
- လှေကားတက်ရင်လည်း လမ်းလျှောက်တက်ပါ။ တတ်နိုင်သမျှ ဓာတ်လှေကားစီးတာမျိုး မလုပ်ပါနဲ့။
- လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာတို့၊ နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို အလေ့အထဖြစ်အောင် ပြုလုပ်ပေးသင့်ပါတယ်။
- ထိုင်နေတုန်းမှာလည်း မှန်ကန်တဲ့ ထိုင်နည်းမျိုးနဲ့ ထိုင်ပါ။ ခါးမတ်မတ်ထိုင်ပါ။ ထိုင်နေရင်း ခြေဆန့်လက်ဆန့်လေး လုပ်ပါ။ သက်သောင့်သက်သာဖြစ်အောင် အနားယူပါလို့ အကြံပေးပါရစေ။
Credit : တနိုင်းခ
#7887healthcare #seveneighteightseven #healthcare
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

