Print

အသားစပုပ်ဆွေးခြင်း

  25-Feb-2017
Preview Image

အသားစပုပ်ဆွေးခြင်း

လက်ထိပ်၊ ခြေထိပ်၊ အူအတက်၊ အူအသိမ်တွေ၊ သည်းခြေအိတ်၊ ဝှေးစေ့ စသည်တို့တွင် အဖြစ်များပါတယ်။ သွေးမလျှောက်တော့ဘူး။ သွေးပြန်ကြောထဲ သွေးမရောက်ဘူး၊ အရေပြား အရောင်ပြောင်းလာတယ်၊ ဆိုးလာရင် အမည်းရောင်ဖြစ်လာတယ်၊ ခံစားမှုမဲ့လာတယ်၊ လှုပ်ရှားမှု မဲ့လာတယ်၊ အေးစက်လာပါတယ်။ ရောဂါလက္ခဏာအရ နှစ်မျိုးခွဲခြားထားပါသေးတယ်။ အခြောက်မျိုးနှင့် အစိုမျိုးတို့ဖြစ်ကြပါတယ်။ အခြောက်မျိုးက သွေးလည်ပတ်စီးဆင်းမှု တဖြည်းဖြည်း နှေးကွေးလာရင် ဖြစ်တတ်ပါတယ်။

အဲဒါမျိုးကို သွေးကြောအဆီပိတ်ဆို့ရောဂါ (Atherosclerosis) တွေမှာ တွေ့ရတတ်ပြီး အဲဒီရောဂါဖြစ်တဲ့နေရာက အရေပြားဟာ ခြောက်သွေ့မယ်၊ အရေပြား ရှုံ့တွမယ်၊ အရောင်မည်းလာမယ်၊ ထိရင် ချောမွေ့နေတတ်ပါတယ်။ အစိုမျိုးကျတော့ သွေးပြန်ကြော
ပိတ်ရောဂါဖြစ်ဖြစ်၊ သွေးလွှတ်ကြော ရုတ်တရက် ပိတ်တာဖြစ်ဖြစ် (ဥပမာ - သွေးလွှတ်ကြောကို ချည်နှောင်ခြင်း (သို့) အဝေးတစ်နေရာမှသွေးခဲများရောက်ရှိပြီး ရုတ်တရက်ပိတ်ခြင်း) စတဲ့အကြောင်းတွေကြောင့် ဖြစ်ရပါတယ်။ ပိတ်တဲ့ ခြေလက်ဟာ
ရောဂါပိုးဝင်ပြီး ပုပ်သွားပါတယ်။ ရောင်ကိုင်းလာမယ်၊ မည်းလာမယ်။ အရေပြားမှာ မီးလောင်ဖုလို အဖုများ ထွက်လာပါတယ်။ လက်နဲ့ဖိကြည့်ရင် စိစိနဲ့ နေတတ်ပါတယ်။ 

အူအတက်ရောင်ရောဂါနှင့် အူလမ်းကြောင်းညှပ်တဲ့ ရောဂါမျိုးမှာ တွေ့တတ်ပါတယ်။ အရေးပေါ် ဖြတ်တောက်ပစ်ရတဲ့ အခြေအနေက အူအတက်ပုပ်တဲ့အခါ၊ အူသိမ်ခွေ ပုပ်တဲ့အခါ၊ ဆိုးဆိုးရွားရွား ကြိတ်မိထားတဲ့ခြေ (သို့) လက်၊ ဓာတ်ငွေ့ထွက်စေတဲ့ ပိုးကြောင့်ဖြစ်တဲ့နေရ၊ မြန်မြန် ပုပ်ဆွေးခြင်း၊ ပြန့်နိုင်တဲ့ရောဂါ စတာတွေမှာ အရေးပေါ် ဖြတ်တောက်ပစ်ရပါတယ်။ လက်နဲ့ ခြေတွေမှာ ဖြစ်တဲ့ဟာဆိုရင် လက်ခြေကို တတ်နိုင်သလောက် ချန်ပြီး တကယ်လိုအပ်တဲ့နေရာကို ဖြတ်တောက်ပစ်တာမျိုးလည်း ရှိပါတယ်။ 

လက်ခြေတွေကို သွေးပို့မှုကောင်းရင် သွေးခဲပိတ်ဆို့တာကို ဖယ်ရှားပြီး သွေးပို့တာ ကောင်းလေမလား စောင့်ကြည့်ရမယ်။ ဒါမှမဟုတ် ကျောရိုးမဘေးတွင်ရှိ အာရုံကြောစနစ်ကို ဖျက်ပစ်လိုက်လို့ သွေ့ပို့တာ ပြန်ကောင်းမလား စောင့်ကြည့်ရမယ်။ ကောင်းတယ်
ဆိုရင် နည်းနိုင်သမျှ နည်းနည်းပဲ ဖြတ်တောက်ပစ်ရတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာ စားရမယ်၊ ဆီးချိုရှိရင် ဆီးချိုရောဂါကို ထိန်းရမယ်။ နှလုံးအလုပ်မလုပ်တာ၊ နှလုံးခုန်နှုန်းမြန်လွန်းတာ၊ သွေးအားနည်းရောဂါ စတာတွေကို မှန်အောင်လုပ်ရပါမယ်။
ဖြစ်တဲ့နေရာကို ခြောက်သွေ့အောင် ထားပါ။ ပတ်တီး အဝတ်အစား မစည်းရ၊အပူမပေးရ၊ ပန်ကာကို ဖွင့်ပေးထားခြင်းဖြင့် နာကျင်မှုသက်သာစေပါသည်။ ရောဂါဖြစ်တဲ့နေရာကို ဖိမိခြင်းမဖြစ်အောင် ဂရုစိုက်ရမယ်။

 

Healthcare.com.mm
Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေး လိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18