ကြာဆူး
25-Feb-2017ကြာဆူး
အချို့သောသူများ၏ အရေပြားသည် ခြောက်ပြီးကြမ်းရှနေတတ်သည်။ အထူးသဖြင့် တံတောင်ဆစ်ကွေးနှင့် ဒူးဆစ်မှစတင်၍ ဖြစ်ပေါ်တတ်သည်။ တစ်ကိုယ်
လုံးပျံ့ သွား၏။ ကြာရိုးမှ ဆူးကလေးများ နှင့်တူသဖြင့် မြန်မာတို့က ကြာဆူး ဟုပြောလေ့ ရှိပါသည်။ဖားပြုတ်၏အရေခွံ့ကဲ့သို့ အဖုကလေးများနှင့်ကြမ်းနေသဖြင့် အနောက်နိုင်ငံမှ လူများက ဖားပြုတ်အရေခွံ့ (Toad Skin) ဟုအမည်ပေးကြသည်။အမွေးနုတ်ထားသည့် ဘဲ၊ငန်း တို့၏အရေပြားနှင့်တူသဖြင့် Goose Flesh ဟူ၍လည်း ပြောကြပြန်သည်။ ကြာဆူး၊Toad Skin၊Goose Flesh ဟူ၍ အမျိုးမျိူးသိထားကြသည့် ရောဂါလက္ခဏာမှာ အကယ်စင်စစ် အရေးပြားတွင် မွေးညှင်ပေါက် (hair follicle) ကလေးများ ပိတ်ဆို့ပြီး အရေပြားသည် ခြောက်သွေ့ကြမ်းတမ်းကာ အကြေးခွံကဲ့သို့ ဖြစ်နေခြင်း ဖြစ်ပါသည်။
ဆေးပညာဝေါဟာရအရ Follicular Hyperkeratosis ဟုခေါ်ပါသည်။
ကြာဆူးဖြစ်ခြင်းသည် ဗီတာမင်အေချို့တဲ့မှု၏ လက္ခဏာတစ်ခုအဖြစ် နှစ်ပေါင်း
များစွာ သိထားခဲ့ကြ ပြီးဖြစ်ပါသည်။ ထို့ကြောင့်ပင် ကြာဆူးပေါက်သော သူအား ဗီတာမင်ကြွယ်ဝသည့် အစားအစာများဖြစ်သည့် အသည်း၊နို့၊ ဥအမျိုးမျိုး၊ အဝါရောင် သစ်သီးများနှင့် အစိမ်းရင့်ရောင် ဟင်းရွက်များစားသုံးရန် လည်းညွှန်ကြားကြ ပါသည်။ ဗီတာမင်အေ ဆေးလုံးများ မှီဝဲစားသုံးရန် လည်းညွှန်ကြားကြပါသည်။အချိန် အတော်ကြာ
မှပင် ကြာဆူးများပျောက်သွားတတ်ကြပါသည်။ဗီတာမင်အေဆေးလုံးများ သောက်သော် လည်း ကြာဆူးမပျောက် သည့်သူများ ရှိပါသည်။
ကြာဆူးပေါက်နေသည့် ကလေး တစ်ယောက်အား ဗီတာမင်အေ ဆေးလုံးတိုက်
ရန် ဆရာဝန်တစ်ယောက်က ညွန်ကြားရာ မိခင်က တစ်လုံးလျှင် ဗီတာမင်အေ ယူနစ် ၂၅၀၀-၃၅၀၀ စသဖြင့် ပါဝင်သည့် ဗီတာမင်အေဆေလုံးအစား အင်အားပြင်းသည့် (တစ်လုံးလျှင် ဗီတာမင်အေ ယူနစ် ၂-သိန်းပါသည့်) ဗီတာမင်အေ ဆေးလုံးမှားပြီး
နေ့စဉ်တိုက်ရာ တစ်လခန့်ကြာသည့် အခါဗီတာမင်အေ လွန်ကဲသည့်လက္ခဏာ များ ဖြစ်လာသည်ကို ကြုံတွေ့ဖူးပါသည်။
ကြာဆူးသည် Linoleic acid ခေါ် ဖက်တီးအက်ဆစ် (Fatty acid) တစ်မျိုးချို့ တဲ့မှုကြောင့်လည်း ဖြစ်နိုင် ကြောင်း သိထားသင့်ပါသည်။ဖက်တီးအက်ဆစ် အမျိုးမျိုးကို လူ၏ခန္ဓာကိုယ် အတွင်းမှာပင် တည်ဆောက်နိုင်ပါ သော်လည်း Linoleic acid ကိုမူ ခန္ဓာကိုယ်အတွင်း၌ မတည်ဆောက်နိုင်ပါ။ အစားအစာမှ မဖြစ်မနေရရှိရန် လိုအပ်သဖြင့် Linoleic acid ကို essential fatty acid တစ်မျိုးအဖြစ် သတ်မှတ်ထားပါသည်။
ထို့ကြောင့် ကြာဆူူးပေါက်သူအား ဗီတာမင်အေနှင့် အတူ Linoleic acid ကြွယ်ဝသောအဆီများ-
သစ်ကြားစေ့ဆီ (Walnut Oil)
ပဲပုပ်ဆီ (Soya-bean oil)
ဖွဲနုဆီ (Bran Oil)
မုန့်ညင်းဆီ (Rape Seed Oil)
သစ်ကြားသီး (Walnut,black)
ပဲပုပ်ဆံ (Soybean kernel)
အပင်ထွက်ဆီနှင့် အခွံမာအသီးအစေ့အဆန် (Nuts) အမျိုးမျိုးသည် အိုမီဂါ ၆ ဖက်တီးအက်ဆစ်များ ကြွယ်ဝရုံမက အစားအစာများတွင် ပါဝင်သည့် ဗီတာမင်အေကို အစာလမ်းကြောင်းမှ စုပ်ယူမှုကိုလည်း အားပေးသဖြင့် ကြာဆူးပေါက်သူအား ထိုအစာ များစားသုံးစေခြင်းသည် တစ်ချက်ခုတ်နှစ်ချက်ပြတ်သည့် သဘော ပင်ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit
အာဟာရဆရာဝန်ကြီး