သင့်အရေပြားပုံစံ ဘာဆိုတာကို စမ်းသပ်ကြည့်ရအောင်
25-Feb-2017သင့်အရေပြားပုံစံ ဘာဆိုတာကို စမ်းသပ်ကြည့်ရအောင်
• မျက်နှာရဲ့ တစ်ချို့နေရာမှာ ခြောက်သွေ့နေပြီး တစ်ချို့နေရာမှာ အဆီတွေကို တွေ့ရတတ်
တယ်ဆိုရင်တော့ သင့်အရေပြားက ပေါင်းစပ်အသားအရေမျိုးပါ။
• မျက်နှာတစ်ခုလုံးက ခြောက်သွေ့နေပြီး အရေခွံတွေလည်း ကွာကာ တင်းကျပ်ကျပ် ခံစားနေရတယ်ဆိုရင်တော့ ခြောက်သွေ့တဲ့အရေပြားပုံစံပါ။
• ဝက်ခြံကြောင့်မဟုတ်ဘဲ မျက်နှာကနီရဲပြီး
အနီကွက်တွေ နေရာကွက်ကျားဖြစ်တယ်ဆိုရင် အထိခိုက်မခံတဲ့ အရေပြားပုံစံပါ။
• တစ်လတစ်ခါလောက် ဝက်ခြံတွေ ပေါက်တတ်တယ်ဆိုရင် ဟော်မုန်းပြောင်းလဲ မှုတွေကြောင့်ပါ။
• သင့်မျက်နှာရဲ့ မျက်ဝန်းဘေး၊ နှုတ်ခမ်းနဲ့ ပါးပြင်ရဲ့ တစ်ချို့နေရာ အစင်းကြောင်းတွေ
ပေါ်နေတယ်ဆိုရင် သင့်မျက်နှာက အရေးကြောင်း ပေါ်လွယ်တဲ့ အရေပြားမျိုးပါ။
• နေရာတိုင်းမှာ အဖုတွေ ထွက်နေတယ်ဆိုရင်တော့ သင့်မျက်နှာက ဝက်ခြံပေါက်လွယ်တဲ့ အရေပြားပါ။
• မျက်နှာက နီမြန်းနေတတ်ပြီး အရေပြားက အဖတ်တွေလည်း လန်တတ်တာ အပူလောင်သလို မကြာခဏ ဖြစ်တယ်ဆိုရင်တော့ နှင်းခူပေါက်လွယ်တဲ့ အရေပြားမျိုးဖြစ်ပြီး သတိထားဖို့လိုပါတယ်။
• လေးနာရီခြားတစ်ခါ မျက်နှာသစ်တာတောင် သင့်မျက်နှာမှာ အဆီပြန်နေတယ် ဆိုရင်တော့ သင့်အရေပြားက အဆီပြန်တဲ့ အမျိုးအစားပါ။
• ဖော်ပြပါ လက္ခဏာတွေ တစ်ခုမှ မပြတဲ့ အရေပြားမျိုးဆိုရင်တော့ ပုံမှန်အရေပြားပိုင်ရှင်ပါပဲ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.272, March 2015, Pg.22