အဆီဖုလေးတွေကို ပျောက်အောင် ဘယ်လိုလုပ်မလဲ
25-Feb-2017အဆီဖုလေးတွေကို ပျောက်အောင် ဘယ်လိုလုပ်မလဲ
မည်းမည်းစူးစူး အစိလေးတွေကိုတော့ ဆားဝက်ခြံလို ့ခေါ်ကြပြီး အသားရောင် ရှိသော ၊ ဝက်ခြံလိုလဲ နာကျင်မှုမရှိတဲ့ အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့ အလွယ်ခေါ်ကြပါတယ်။ သူတို့ဟာ တစ်အုပ်စုတည်းပါ။ အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာ ဖြစ်လာသော အဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေကိုတော့ close comedo လို့ခေါ်ပြီး ချွေးပေါက်ကို ဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့် ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။ ဒီ၂ မျိုးလုံးအတွက် ထိရောက်တဲ့ နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ ပေါင်းခံပေးပြီး
မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲ ဖြစ်ပါတယ် ။
ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်
စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါ
အုပ်ကာ ရေနွေးငွေ့တွေ အပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။ ၅-၁ဝမိနစ် ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သော မျက်နှာသုတ်ပဝါဖြင့် ထိကာထိကာ သုတ်ပေးပါ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့။ ထိုသို့လုပ်ပြီးလျှင် အောက်ပါနည်းလမ်း
များထဲမှ တစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။
၁။ သကြားနှင့် ပျားရည် scrub
သကြား၁ဆ ပျားရည် ၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသော မျက်နှာပေါ်
သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃ မိနစ်ခန့်ထားကာ
ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။
၂။ သံပုရာရည် လိမ်းပေးပါ
ပေါင်းခံထားသော မျက်နှာပေါ်သို့ သံပုရာအရည်ကို တိုက်ရိုက်လိမ်းပေးကာ ၁၅ မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမဝင်ခင်ညတိုင်း လိုချင်သော အနေအထားရတဲ့
အထိ လုပ်ပေးပါ ။
၃။ မုန့်ဖုတ်ဆိုဒါ
ရေ ၁ ဆ မုန့်ဖုတ်ဆိုဒါ ၁ ဆရော၍ လိုအပ်သောနေရာကို ပွတ်ပေးပါ။ ၂မိနစ်ခန့် ထားကာ ရေဆေးပေးပါ။ တစ်ပတ် ၂ ခါ လောက် လုပ်ပေးနိုင်ပါတယ်။
ပြီးလျှင်တော့ ဆားဝက်ခြံ ညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ။ ထုတ်ရခက်သော
အဖုကို အတင်းမညှစ်ပါနှင့်။ ရောင်းရမ်းနာကျင်တတ်ပါတယ်။ Cosmetics တွေဆိုလဲ
water base ထုတ်ထားတဲ့ပစ္စည်းများကို ရွေးခြယ်သင့်ပါတယ်။ မျက်နှာ တစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။ နေရောင်ခြည်နှင့် ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့် ထီးလေးဆောင်းဖို့ မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ်။ ကျန်းမာသော အနေအထိုင် အလေ့အကျင့်ကောင်းများလည်း ရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နည်းနိုင်သမျှနညး်အောင် နေထိုင်ပါက လှပကျန်းမာသော အသားအရေကို ရရှိမှာပဲဖြစ်ပါတယ်ရှင် ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Super_Women
Myawady Health
September 13.2015