ဝက်ခြံပုန်း ဖြစ်စေသော အကြောင်းရင်းများ
25-Feb-2017ဝက်ခြံပုန်း ဖြစ်စေသော အကြောင်းရင်းများ
ဝက်ခြံပုန်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿ နာတစ်ခု ဖြစ်ပါတယ်။ ဒါအပြင် အဆီပါဝင်မှုများတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုတာနဲ့ လူတစ်ဦးချင်းစီရဲ့ အရေပြား ထိန်းသိမ်းမှုပုံစံတွေနဲ့ သက်ဆိုင်ပါတယ်။ ဟော်မုန်း ပြောင်းလဲမှုတွေကြောင့် အရေပြားပေါ်မှာ အဆီဂလင်းတွေ ဖြစ်လာပြီး ဝက်ခြံ ဖြစ်လာတာမျိုးလည်း
ဖြစ်တတ်ပါတယ်။
တခြားဖြစ်နိုင်တဲ့ အကြောင်းအရာတွေအနေနဲ့ -
(၁) လူအများစု လက်ခံထားတာက ဝက်ခြံပုန်းတွေက မျက်နှာကို သန့်စင်လိုက်ရုံနှင့် မပျောက်ကင်းနိုင်ဘူး ဆိုတာနဲ့ ဟော်မုန်း အပြောင်းအလဲဖြစ်တဲ့ အချိန်ဖြစ်တဲ့ ရာသီပေါ် ခါနီး အချိန်မျိုးတွေမှာ ဖြစ်တယ်ဆိုတာကို နားလည်ထားပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှု အနေနဲ့ တစ်နေ့ ၂ ကြိမ်လောက်သာ မျက်နှာသစ်သင့်ပြီး၊ နှစ်ကြိမ်ထက်ပိုတဲ့ မျက်နှာ သစ်တဲ့ပုံစံကလည်း ဝက်ခြံပေါက်စေနိုင်ပါတယ်။ ရေဓာတ်နည်းတာ၊ နေရောင်ကာ ခရင်မ် မလိမ်းတာနဲ့ တစ်ချို့မိတ်ကပ်နဲ့ ဖောင်ဒေးရှင်းတွေကြောင့်လည်း ဖြစ်တတ် ပါတယ်။ သေချာတာကတော့ ညစ်ပတ်တာကြောင့် ဝက်ခြံဖြစ်တာ မဟုတ်ပါဘူး။
(၂) တစ်ချို့တွေက အစားအစာကြောင့်လို့လည်း ထင်တတ်ကြပါတယ်။ လေ့လာမှုတွေ အရ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားတာကြောင့် ဖြစ်တတ်ပေမယ့် ပုံမှန် စားရုံနဲ့တော့ မဖြစ်နိုင်ပါဘူး။
(၃) နောက်တစ်ခု ဖြစ်နိုင်တာကတော့ စိတ်ဖိစီးမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဝက်ခြံပုန်းအား ကုသနိုင်သော နည်းလမ်းများ
ဟော်မုန်းဖြင့်ကုသမှု
သန္ဓေတားဆေးတွေမှာ ဟော်မုန်းတွေ ပါဝင်တဲ့အတွက် တစ်ခါတလေမှာ
ဝက်ခြံပုန်းတွေကို ကုသဖို့ ယင်းဆေးတွေကို အသုံးပြုကြပါတယ်။ ဒါကတော့
သင့်ခန္ဓာကိုယ်က ဝက်ခြံ ဘာကြောင့်ဖြစ်စေသလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ သင်ဖြစ်တဲ့ ဝက်ခြံက ဟော်မုန်းကြောင့် ဆိုရင်တော့ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ကုသမှု မျိုးတွေကို ပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ အရေပြားအထူးကုနှင့် တိုင်ပင်ပြီး လိုအပ်သလို ကုသမှုပေးရမှာပဲ ဖြစ်ပါတယ်။
ဆေးဝါးများဖြင့် ကုသခြင်း
ရတီနောပါဝင်တဲ့ လိမ်းဆေးတစ်ချို့ကလည်း ဝက်ခြံပေါက်သူတွေအတွက် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဝက်ခြံဖြစ်တတ်တဲ့ လူအများစုအတွက် အသုံးဝင် တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ အရေပြား အထိခိုက်မခံတဲ့သူတွေ အနေနဲ့ကတော့
တွေ့ရာဆေးတွေကို လိမ်းဖို့ မသင့်တော်ပါဘူး။
တခြားထိန်းသိမ်းနည်းဖြင့် ကုသမှု
တစ်ချို့လူတွေမှာ မျက်နှာပေါ်ကို ဆံသားတွေ ဖုံးနေတာမျိုးရှိပါတယ်။ ဆံပင်ကို
ပြု ပြင်ဖန်တီးထားတဲ့ ပုံစံကြောင့် မျက်နှာပေါ်မှာ ဆံသားတွေ ဖုံးနေတာမျိုးဖြစ်နိုင် ပါတယ်။ ဆံသားတွေ ဖုံးနေတာက ပြဿ နာမဟုတ်ပေမယ့် ဆံသားပေါ်မှာ လိမ်းထားတဲ့ ဆံပင်လိမ်းပစ္စည်းတွေက သင့်မျက်နှာအတွက် ပြဿ နာ ဖြစ်နိုင်ပါတယ်။ ဆံသားကို လိမ်းရတဲ့ပစ္စည်း အတော်များများက မျက်နှာအရေပြားနှင့် ဓာတ်မတည့်မှု ဖြစ်စေနိုင်ပြီး ဝက်ခြံ ဖြစ်လွယ်စေတာနဲ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆံသားတွေကို မျက်နှာပေါ်မှာ ဖုံးအုပ်မနေစေဖို့ သတိထား ထိန်းသိမ်းပေးရမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
လမင်းလေး
Arogyam magazine, No 272, March 2015, Pg. 108