Print

ခြောက်သွေ့သော အရေပြားအတွက် ရာသီအလိုက်ဂရုစိုက်မှု

  25-Feb-2017
Preview Image

ခြောက်သွေ့သော အရေပြားအတွက် ရာသီအလိုက်ဂရုစိုက်မှု
ခြောက်သွေ့တဲ့အရေပြားအတွက် နွေ၊ မိုး၊ ဆောင်း လိုအပ်တာ ကတော့ ရေဓာတ်ပါတဲ့ လိုးရှင်းတွေပါပဲ။ ခြောက်သွေ့တဲ့အရေပြားက အမြဲလိုလို ခြောက်သွေ့၊ အရေခွံကွာ၊ နီမြန်းတဲ့ပြဿ နာတွေ အနည်းနဲ့အများ ကြုံရတတ်တာကြောင့် ရာသီဥတုတိုင်းမှာ ရေဓာတ်ကို ပုံမှန်ဖြည့်ပေးနိုင် ပါမှ တော်ကာကျမှာပါ။ သင့်အရေပြားက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ အရေပြားကို ပြန်လည်အားဖြည့်ပေးနိုင်မယ့် သဘာဝပေါင်းတင်နည်းနဲ့ တစ်လနှစ်ကြိမ်လောက် ပေါင်းတင်ပေးနိုင်ပါတယ်။

 

ထောပတ်သီးပေါင်းဆေး
အသားအရေကို ချောမွေ့စေပြီး ရေဓာတ်ရရှိစေကာ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ ထောပတ်သီးတစ်ခြမ်းကိုယူပြီး ခွက်တစ်ခုထဲမှာ ကြိတ်ခြေထားပါ။

• ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ထောပတ်သီးခွက်ထဲရောထည့်ကာမွှေပါ။
• မျက်နှာတစ်ပြင်လုံး မျက်လုံးနေရာကို ချန်ထားပြီး မိနစ် ၂၀ လောက် ပေါင်းတင်ပေးပါ။ 
• မိနစ် ၂၀ ပြည့်ချိန်မှာ ရေအေးနဲ့ မျက်နှာသစ်သန့်စင်လိုက်ပါ။ 

 

ပျားရည်ပေါင်းဆေး
အရေပြားခြောက်သွေ့နေသူတွေအတွက်တော့ ဆေးတစ်ခွက်လို အသုံးဝင်ပြီး မျက်နှာအရေပြားမှာ ရေဓာတ်ပြည့်ဝစိုပြေစေမယ့် နည်းလမ်းပါပဲ။
• ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက် ရောထည့်ပါ။
• သံလွင်ဆီဇွန်းတစ်ဝက် ရောထည့်ပါ။
• သံပရာရည် နှစ်စက်၊ သုံးစက်ရောထည့်ပါ။
• ကြက်ဥအနှစ်တစ်လုံးထည့်ပါ။
• အားလုံးရောမွှေလိုက်ပြီး မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီး ပေါင်းတင်ထားပါ။
• မိနစ် ၂၀ ကြာချိန်မှာ ရေအေးအေးနဲ့ ဆေးကြောသန့်စင်လိုက်ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သဲသဲဦး
Arogyam magazine, No.276, July 2015,Pg.180



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18