ဆရာဝန်နှင့် တွေ့သင့်ချိန်
27-Feb-2017
ဆီးချိုရောဂါရှိသူများနှင့် ခြေပိုင်းတွင် ထုံကျင်လျက်ထိတွေ့မှု အာရုံနည်းသူတို့သည် ဤလက္ခဏာကို ကိုယ်တိုင်ပြုစုကုသမှု မပြုသင့်ပါ။ ဆီးချိုရောဂါသည် ကိုယ်တွင်းရှိ သွေးကြောမျှင်များအားလုံး ခြေပိုင်းအပါအဝင်ကို ပျက်စီးစေတတ်သောကြောင့်ဖြစ်သည်။ထိုသို့ဖြစ်သောကြောင့် သွေးလှည့်ပတ်မှုကို လျော့ပါးစေသည်။ထိုမှတစ်ဆင့်အနာကျက်ရန်နှင့် ရောဂါပိုးကိုတိုက်ဖျက်ရန်အစွမ်းများ လျော့ပါးရသည်။ ဤသို့ သွေးလှည့်ပတ်မှု အဆင်မပြေသောသူတို့အဖို့ အရေပြားမပြဲလျှင် အရေးမကြီး။ အရေပြားပြတ်တောက်၍ အသားပြဲလျှင်ကား မိမိဖာသာပြုစုရန် အလွန်အန္တရာယ်ကြီး၏။ ကိုယ့်မှာ ထိလို့ထိမှန်း အာရုံမရသူတို့မှာအနာတရဖြစ်ပြီး ရောဂါပိုးဝင်နိုင်လေသည်။
မီးဖိုချောင်မှ ဆေးတစ်လက်
ဤကဲ့သို့အသားမာများနေသူတို့သည် ကယ်မိုမိုင်းခေါ် (Chamomile Tea) ဆေးဖက်ဝင်အပင်၏ ပြုတ်ရည်ကျဲကျဲဖြင့် ခြေထောက်ကို လူးနိုင်သည်။ ထိုဆေးရည်က အသားအရေကို ပျော့ပျောင်းစေပြီး အသားမာများကို ပျော့စေနိုင်သည်။
ဆေးရည်လူးသောကြောင့် ခြေထောက်တွင် အရောင်စွန်းမည်ဖြစ်သော်လည်း ဆပ်ပြာနှင့် ရေတို့ဖြင့် စင်ကြယ်အောင် ပြုလုပ်နိုင်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

