အရေပြားအတွက် အဆီများ
27-Feb-2017
သံလွင်ဆီ
ခြောက်သွေ့ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါသည်။ အရေးအကြောင်း ထင်ရှားခြင်းကို ကာကွယ်ပေးနိုင်ကာ အာနိသင်ရှိသော moisturizer တစ်မျိုးအနေဖြင့်လည်း အသုံးပြုနိုင်ပါသည်။ အရေပြားကို နူးညံ့ချောမွေ့စေနိုင်ပါသည်။
စပျစ်သီးအဆီ
မျက်နှာပြင် အဆီထုတ်လုပ်မှုကို ထိန်းညှိပေးနိုင်ပါသည်။ အဆီပြန်နှင့် ပေါင်းစပ် အရေပြားပိုင်ရှင်များအတွက် အထူးကောင်းမွန်ပါသည်။ ကျယ်နေသော ချွေးပေါက်များကိုပြန်၍ သိပ်သည်းစေနိုင်ပါသည်။
ဗာဒံစေ့အဆီ
အရေပြားအားလုံးအတွက် အထူးသင့်လျော်ပါသည်။ ခြောက်သွေ့ပြီး ထိခို်က်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါသည်။ ဆံကေသာ ခြောက်သွေ့သူများအတွက် ဆံပင်တွင်လည်း လိမ်းကျံပေးနိုင်ပါသည်။
ထောပတ်သီးအဆီ
ဗီတာမင် အေ၊ အီးနှင့် ဒီတို့ ပါဝင်ပြီး ထိခိုက်လွယ်သော အရေပြားအတွက် အထူးကောင်းမွန်ပါသည်။ အရေပြားရှိကော်လာဂျင်ထုတ်လုပ်မှု ပမာဏကိုလည်း တိုးတက်လာစေနိုင်ပါသည်။
နှင်းရည်အဆီ
အရေပြား အရေပြတ်ခြင်းကို လိမ်းကျံပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။ အရေပြားအောက်ရှိ အဆီပြင်များရှိသော နေရာများကို လိမ်းပေးပါကလည်း အသားအရေကို ကျစ်လျစ်လာစေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဆည်းဆာညို
Health for ALL magazine – No.107, December 2015
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

