Print

နေလောင်၊ ရေလောင်ထားချိန် ဆောင်ရန်၊ ရှောင်ရန်အချက်များ

  22-May-2017
Preview Image

ဆပ်ပြာမြှုပ်တွေကိုရှောင်ပါ။

အမြှုပ်အရမ်းထွက်လွန်းတဲ့ ဆပ်ပြာတွေကိုသုံးပြီး ရေချိုးတာမျိုးကို အရေပြားနေလောင်ချိန်မှာ မပြုလုပ်ပါနဲ့။ နေလောင်ထားတဲ့ သင့်အရေပြားအပေါ်ယံဟာ အနည်းငယ်ပျက်စီးနေပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ အမြှုပ်များများထွက်တဲ့ ဆပ်ပြာတွေက သင့်အရေပြားကို ပိုမိုခြောက်သွေ့စေတာကြောင့် ပိုပြီး တင်းကျပ်ကျပ်ဖြစ်စေနိုင်တဲ့အတွက် နေလောင်ထားချိန်မှာ အသုံးမပြုပါနဲ့။


တချို့ဆေးဝါးတွေကို သေချာသတိထားပါ

ပိုးသတ်ဆေးအမျိုးမျိုး၊ အရေပြားလိမ်းခရင်မ်၊ သောက်ဆေးနဲ့ မှိုပိုးသတ်ဆေးလိုမျိုးတွေကို နေလောင်ထားတဲ့ အထိအခိုက်မခံတဲ့ အရေပြားပေါ်မှာ လိမ်းတာမျိုးကိုရှောင်ပါ။ ဖြစ်နိုင်ရင် ဝက်ခြံပေါက်လို့လိမ်းတဲ့ ဝက်ခြံပျောက်ဆေးတွေကိုတောင် နေလောင်၊ ရေလောင်ထားတဲ့ အရေပြားတွေပေါ်မှာ မလိမ်းပါနဲ့။ အရေပြားပေါ်က နေလောင်မှုဟာ ပြင်းထန်တာကြောင့် နာကျင်မှုကိုပါ ခံစားနေရတယ်ဆိုရင် အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ လိမ်းပေးပါ။


လိမ်းပါ။ ထပ်လိမ်းပါ

နေရောင်ကာကွယ်တဲ့ လိမ်းဆေးတွေကို အပြင်မထွက်ခင် နာရီဝက်အလိုကတည်းက လိမ်းထားပေးပါ။ အထူးသဖြင့် နားရွက်တို့၊ နောက်ကျောတို့၊ ကုပ်ပိုးတို့လို နေရာမျိုးတွေကို မမေ့ပါနဲ့။ တစ်ခါလိမ်းထားရင် တစ်နေကုန် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ နှစ်နာရီ ဒါမှမဟုတ် သုံးနာရီလောက်ကြာရင် နောက်တစ်ကြိမ်ထပ်လိမ်းပေးပါ။


ကြေးချွတ်တာမျိုးမလုပ်ပါနဲ့ဦး

နေလောင်နေတဲ့ အရေပြားကို ကြေးချွတ်သန့်စင်တာမျိုးတွေနဲ့ SPA ပြုလုပ်တာမျိုးတွေ ခဏနားထားဖို့ လိုပါတယ်။ အရေပြားက ပွတ်တိုက်ကြေးချွတ်တာကို ခံနိုင်ရည်စွမ်းအား မရှိသေးပါဘူး။ အရေပြားပိုမိုပျက်စီးစေနိုင်ပါတယ်။


ရေပိုသောက်ပါ

အရေပြားတွေ နေလောင်ခံထားရတယ်ဆိုရင် သင့်ခန္ဓာကိုယ်နဲ့ သင့်အရေပြားက ပုံမှန်ထက် ရေဓာတ်ကို ပိုဖြည့်တင်းဖို့လိုအပ်ပါတယ်။ ဒါကြောင့် ရေအေးအေးကို မကြာခဏဆိုသလိုသောက်ပေးပါ။ အရေပြားမပျက်စီးစေဖို့ ရေဓာတ်ကလည်း အဓိကလိုအပ်ပါတယ်။


အချိန်ကိုသေချာကြည့်ပါ

နေပူတဲ့အချိန်ဟာ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီတွင်းက ပိုပြီးပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် သင်အပြင်ထွက်မယ့်အချိန်က နေ့လယ်ခင်းတွေဖြစ်နေတယ်ဆိုရင်နေရောင်ကာခရင်မ်ကို သေချာလိမ်းပြီး နေရောင်ကိုကာကွယ်နိုင်မယ့် အဝတ်အစားတွေကို ရွေးဝတ်သွားဖို့လိုပါတယ်။


Credit : လမင်းလေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18