Print

Achilles tendon rupture (Achilles အရွတ်စုတ်ပြဲခြင်း)

  10-Jul-2017
Preview Image


Achilles အရွတ် စုတ်ပြဲခြင်းဆိုသည်မှာ ခြေသလုံးကြွက်သား အနောက်ဖက် ခြေဖနောင့် နားတွင် ဒဏ်ရာရခြင်းဖြစ်သည်။ များသောအားဖြင့် အားကစားလုပ်နေစဉ်အတွင်း ဖြစ်လေ့ရှိသည်။ Achilles အရွတ်ဆိုသည်မှာ ခြေသလုံးအနောက်ဖက်နှင့် ခြေဖနောင့်အရိုးအား ဆက်ထားပေးသော အရွတ်ဖြစ်သည်။ ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်း လုပ်မိပါက Achilles အရွတ် လုံးဝစုတ်ပြဲခြင်း သို့မဟုတ် တချို့တဝက် စုတ်ပြဲခြင်းဖြစ်နိုင်ပါသည်။ Achilles အရွတ်စုတ်ပြဲပါက ဖောက် သို့မဟုတ် ဂျွတ်ဟု အသံကြားရပြီးနောက် ခြေဖနောင့်နှင့် ခြေသလုံးအနောက်ဖက်တွင် ပြင်းထန်သော နာကျင်မှုခံစားရပါလိမ့်မည်။ လမ်းလျောက်ရ ခက်ခဲလာပါလိမ့်မည်။


လက္ခဏာများ

တစ်ချို့သောသူများတွင် Achilles အရွတ်စုတ်ပြဲခြင်းကြောင့် ထူးထူးခြားခြား လက္ခဏာများ မပြသော်လည်း အများစုတွင်မူ ခြေဖနောင့်နားတွင် ပြင်းပြင်းထန်ထန် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း ထိခိုက်ထားသော ခြေထောက် ခြေဖျားမထောက်နိုင်ခြင်း၊ ထိခိုက်မိချိန်တွင် ဂျွတ်ဟု အသံကြားရခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

Achilles အရွတ်သည် ခြေလှမ်းလှမ်းခြင်း၊ ခြေဖျားထောက်ခြင်းများတွင် အများဆုံး အသုုံးပြုရသော အရွတ်ဖြစ်သည်။ Achilles အရွတ်စုတ်ပြဲခြင်းသည် ပုံမှန်အားဖြင့် Achilles အရွတ်နှင့် ခြေဖနောင့်အရိုးဆက်သောနေရာ၏ အထက် ၂လက်မခွဲ ခန့်နေရာတွင် ဖြစ်လေ့ရှိသည်။  Achilles အရွတ်စုတ်ပြဲခြင်းသည် ရုတ်တရက် ပြင်းထန်သော လှှုပ်ရှားမှုပြုလုပ်ခြင်းကြောင့်ဖြစ်လေ့ရှိပြီး အများအားဖြင့် ခုန်၍လှုပ်ရှားရသော အားကစားနညး်များ၊ အမြင့်မှ ပြုတ်ကျခြင်း သို့မဟုတ် ချိုင့်ခွက်ထဲသို့ ချော်ကျခြင်း


ဖြစ်နိုင်ချေများသူများ

အသက် ၃၀ မှ ၄၀ ကြား အဖြစ်အများဆုံး ဖြစ်သည်။ အမျိုးသားများတွင် အမျိုးသမီးများထက် ဖြစ်နိုင်ချေ ၅ဆ ပိုများသည်။ ပြင်းပြင်းထန်ထန် အားကစားလှုပ်ရှားသူများ (ဥပမာ-ပြင်းပြင်းထန်ထန် ပြေးခြင်း ၊ ခုန်ခြင်း ၊ ဘောလုံးကစားခြင်း၊ တင်းနစ်ရိုက်ခြင်း ၊ ဘက်စကက်ဘော ကစားခြင်း) တွင် အဖြစ်များသည်။ စတီးရွိုက််ပါသော ဆေးများထိုးခြင်း နှင့် အချို့သော ပဋိဇီဝဆေးများကြောင့်လည်း ဖြစ်နိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ပြင်းထန်သော လှုပ်ရှားမှု ပြုလုပ်နေစဉ်အတွင်း ခြေဖနောင့် အနောက်ဖက်မှ ဂျွတ်ခနဲ အသံကြားခြင်း သိုမဟုတ် ရုတ်တရက် ထိခိုက်မှုဖြစ်ပြီးနောက် လမ်းပုံမှန် မလျှောက်နိုင်ခြင်း တို့ဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။


စစ်ဆေးမှုများ

Achilles အရွတ်စုတ်ပြဲခြင်းတွင် အရွတ်တစ်ခုလုံး စုတ်ပြဲခြင်း သို ့မဟုတ် တစ်ဝက်တစ်ပျက် စုတ်ပြဲခြင်းတို့ကို သေချာသိလိုပါက သံလိုက်ဓာတ်မှန် MRI သော်လည်းကောင်း တယ်လီဗီးရှင်းဓာတ်မှန် Ultrasound ရိုက်ခြင်းဖြင့်လည်းကောင်း သိရှိနိုင်ပါသည်။


ကုသခြင်း

Achilles အရွတ်စုတ်ပြဲမှု ကုသခြင်းသည် လူနာ၏ အသက်အရွယ်၊ ကိုယ်လက်လှုပ်ရှားမှု နှင့် ရောဂါ အခြေအနေအပေါ်တွင် မူတည်ပါသည်။ ခွဲစိတ်ကုသခြင်းနှင့် မခွဲစိတ်ပဲ ကုသခြင်းဟု ကုသနည်း ၂မျိုး ရှိပါသည်။ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများတွင် ခွဲစိတ်ကုသခြင်းနည်းကို ရွေးချယ်လေ့ရှိပြီး အသက်ကြီးသောလူများတွင်မူ မခွဲစိတ်သော နညး်ကို ရွေးချယ်လေ့ရှိကြသည်။


မခွဲစိတ်ပဲ ကုသနညး်

Achilles အရွတ်စုတ်ပြဲမှုအား မခွဲစိတ်သောနည်းဖြင့် ကုသရာတွင် ခြေဖနောင့်အား ကျောက်ပတ်တီး စည်းထားခြင်း သို့မဟုတ် ခြေဖနောင့်တွင် မြှင့်ထားသော ဘွတ်ဖိနပ်စီးခြင်း ဖြင့် သင့်ခြေဖနောင့် ရှိ Achilles အရွတ်စုတ်ပြဲခြင်းကို သက်သာစေပါသည်။ ခွဲစိတ်ခြင်းကြောင့် ရရှိလာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ဥပမာ ရောဂါပိုး ဝင်ခြင်းများကို လျော့နည်းစေပါသည်။ သို့သော် မခွဲစိတ်သော ကုသနည်းဖြင့် ကုသပါက Achilles အရွတ်စုတ်ပြဲခြင်း ထပ်ဖြစ်ခြင်း ၊ ပြန်ကောင်းရန် ကြာခြင်းစသည့် ဆိုးကျိုးများရှိနိုင်ပါသည်။ Achilles အရွတ်ထပ်မံစုတ်ပြဲခြင်းဖြစ်ပါက ဒုတိယအကြိမ် ခွဲစိတ်ကုသရာတွွင်လည်း ပိုမိုအခက်အခဲ ဖြစ်စေနိုင်ပါသည်။


ခွဲစိတ်ကုသနည်း

ခွဲစိတ်ကုသနည်းတွင် ခြေသလုံးနောက်ရှိ ကြွက်သားများကို ခွဲစိတ်ပြီး အရွတ်များအား ပြန်ချုပ်ခြင်းဖြစ်သည်။ စုတ်ပြဲသွားသော အရွတ်အနေအထားအပေါ်မူတည်ပြီး ခွဲစိတ်ကုသမှုအပြောင်းအလဲ ရှိနိုင်ပါသည်။ ခွဲစိတ်ကုသခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ရောဂါပိုးဝင်ခြင်း၊ နာဗ့်များကို ထိခိုက်မိခြင်းများ ရှိုနိုင်ပါသည်.


ကိုယ်လက်ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ခြင်း

မခွဲစိတ်ပဲ ကုသနညး် သိုမဟုတ် ခွဲစိတ်ကုသနည်းများဖြင့် ကုသပြီးနောက် ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ခြင်းများ ဥပမာ ခြေသလုံး ကြွက်သားများနှင့် Achilles အရွတ်များအား လေ့ကျင်ခန်းလုပ်ပေးခြင်းများ ပြုလုပ်ရပါမည်။ အများစုတွင် ၄လမှ ၆လ အတွင်း ပုံမှန်အတိုင်း ပြန်ကောင်းလာနိုင်ပါသည်။


ကာကွယ်ခြင်း

Achilles အရွတ်များ စုတ်ပြဲခြင်းမှာ ကာကွယ်ရန် အောက်ဖော်ပြပါ အချက်များကို လိုက်နာပေးပါ။ ခြေသလုံးကြွက်သားများ သန်မာအောင် လေ့ကျင့်ခန်းလုပ်ခြင်း - ခြေသလုံးကို ကြွက်သားများ တင်းလာသည်အထိ မြှောက်ထားပါ။ မြှောက်ထားစဉ် မခုန်ပါနှင့်၊ ခြေသလုံးကြွက်သား သန်မာအောင် ပြုလုပ်ခြင်းကြောင့်ကြွက်သားနှင့် အရွတ် ပိုမိုသန်မာလာပြီး ထိခိုက်ဒဏ်ရာရမှုကို လျော့နည်းစေသည်။


လေ့ကျင့်ခန်းအမျိုးမျိုး ပြုလုပ်ခြင်း

အများကြီးထိရောက်သည့် အားကစား ဥပမာ ပြေးခြင်းနှင့် အနည်းငယ်သာထိရောက်သည့် အားကစား ဥပမာ လမ်းလျှောက်ခြင်း စက်ဘီးစီးခြင်း ရေကူးခြင်းတို့ကို တစ်လှည်စီ ပြုလုပ်ရပါမည်။ Achilles အရွတ်ကို ထိခိုက်စေနိုင်သည့် တောင်ပေါ်ပြေးတက်ခြင်း၊ ခုန်ခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။


ပြေးမည့်မျက်နှာပြင်ကို သေချာစွာ ရွေးချယ်ပါ

မာသောမျက်နှာပြင်၊ ချောမွတ်နေသော မျက်နှာပြင်တွင် မပြေးသင့်ပါ။ ဆောင်းရာသီတွင် လေ့ကျင့်ခန်းပြုလုပ်ပါက အဝတ်အစား ပြည့်စုံစွာ ဝတ်ပါ။ ပြေးရာတွင် အသုံးပြုသောဖိနပ်ကိုသာ အသုံးပြုသင့်သည်။ အထူးသဖြင့် ခြေဖနောင့်တွင် အောက်ခံကောင်းကောင်းပါသည့် ဖိနပ်ကို အသုံးပြုသင့်သည်။


လေ့ကျင့်ခန်းပြင်းထန်မှုကို တဖြည်းဖြည်းသာတိုးပါ

ရုတ်တရက် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းကြောင့် Achilles အရွတ်စုတ်ပြဲလေ့ရှိသည်။ ထို့ကြောင့် ပုံမှန်လေ့ကျင့်ခန်း၏ အကွာအဝေး အချိန်နှင့် အကြိမ်အရေအတွက်ကို အပတ်စဉ် ၁၀ ရာခိုင်နှုန်းသာတိုး၍ ပြုလုပ်သင့်ပါသည်။


Dr Thazin 

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18