Print

Jock Itch ( မှိုစွဲယားနာ)

  14-Aug-2017
Preview Image

- Jock Itch အမည်ရှိသော မှိုစွဲယားနာသည် ပေါင်ခြံကြားနှင့် တင်ပါးတို့တွင် အဖြစ်များသည်။ ယားယံလေ့ရှိပြီး အနီးအဝိုင်းကလေးများအဖြစ် တွေ့ရများသည်။

- Jockitch ကိုဖြစ်စေသောမှိုသည် Althlete’s Foot ဟုခေါ်သော ခြေချောင်းကြားမှိုစွဲယားနာကိုလည်းဖြစ်စေသည်။

- သို့သော် Althlete’s Foot မှာ ခြေချောင်းများကြားတွင် ဖြစ်တတ်ပြီး အားကစားသမားများတွင်းတွေ့ရတတ်သည်။


ဖြစ်စေနိုင်သော အကြောင်းများ

- လူလတ်ပိုင်းအမျိုးသားများ

- အတွင်းခံကြပ်ကြပ်ဝတ်ဆင်တတ်သူများ

- ‘ဝ’ သူများ

- ချွေးထွက်များသူများ

- ကိုယ်ခံအားကျဆင်းနေသောသူများ

- ဆီးချိုသွေးချိုရောဂါရှိသူများ


ကုသမှုအပိုင်း

- ဆေးဆိုင်များတွင် ဝယ်၍ရနိုင်သော Clotrimazole , Micronazole , Terbinafine အစရှိသည့် မှိုသတ်ဆေးများကို တစ်ပတ်မှ နှစ်ပတ်အထိလိမ်းရမည်။

- ခြေချောင်းကြားမှိုစွဲရောဂါရှိသူများမှာလညး် ယင်းမှိုသတ်ဆေးများကို သုံးနိုင်သည်။

- ယင်းလိမ်းဆေးများဖြင့် မသက်သာပါက မှိုသတ်ဆေးများကို ဆရာဝန်များနှင့်တိုင်ပင်ပြီး သောက်သုံးရမည်။

- လိမ်းဆေးများအပြင် ဖျန်းဆေး(Spray) များကိုလည်း သုံးစွဲနိုင်သည်။ ယင်းဖျန်းဆေးများကို ခြေစွပ်၊ဖိနပ်စသည်တို့ထဲသို့လည်း မှုတ်ဖျန်း၍ ဝတ်ဆင်နိုင်သည်။


Dr. Soe

Credit : Mayo Clinic 

အိမ်တွင်သမားတော် (ဒေါက်တာသန်းထွဋ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18