Print

အမည်းရောင်ရှိသော အနာများကို ချင့်တွက်ခြင်း

  11-Sep-2017
Preview Image

ကျောက်စရစ်ခဲ မျက်နှာပြင်ကဲ့သို့ရှိသို့ရှိနေပြီး နေထိ၍ ညိုသောအရောင်၊ အညိုရောင်၊ အနီရောင်နှင့် ပန်းရောင်များ ရောနေသော အရောင်မျိုးရှိတတ်ပါသည်။ အနားသတ်မထင်ရှားခြင်းမှာ လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ သိသိသာသာ ခေါက်ချိုးမညီခြင်း၊ ထင်ရှားသော အရောင်ပြောက်ကျားဖြစ်ခြင်း၊ အမည်းရောင် သို့မဟုတ် မီးခိုးရောင်နေရာကွက်များစသည်တို့ တွေ့ရသော ပုံမှတ်မဟုတ်သည့် မှဲ့များကို အသားစထုတ်ယူ စစ်ဆေးသင့်သည်။ ပုံမှန်မဟုတ်သော မှဲ့ရောဂါစုဖြစ်ပွားသူများတွင် မျိုးရိုးလိုက်ခြင်းတွေ့ရပြီး ပုံမှန်မဟုတ်သော မှဲ့များစွာရှိကာ ငယ်ရွယ်စဉ်ကပင် အမည်းရောင်အရည်ပြားကင်ဆာ ဖြစ်ပွားတတ်ပါသည်။ ပုံမှန်မဟုတ်သော မှဲ့ရောဂါစုဖြစ်ပွားသူ လူနာများအား သတ်မှတ်ထားသော ကာလအပိုင်းအခြားအလိုက် အရေပြားကင်ဆာ ရှိမရှိကြိုတင်စစ်ဆေးမှု ပြုလုပ်ပေးသင့်ပြီး အရေပြားကင်ဆာ ကြိုတင်ကာကွယ်ရေး ပညာပေးသင့်ပါသည်။



အရေပြားကင်ဆာများကို ကာကွယ်ခြင်း


အရေပြားကင်ဆာဖြစ်ပွားခြင်း၏ ရှေးဦးကာကွယ်ခြင်းမှာ နေရောင်ခြည်၏ ဘေးအန္တရာယ်များကို ပြည်သူလူထု သိရှိစေခြင်းနှင့် လူနာများအတွက် သင့်လျော်သော လမ်းညွှန်ချက်များ ပေးခြင်းတို့ဖြစ်ပါသည်။ အရေပြားကင်ဆာဖြစ်စေသော ဘေးအန္တရာယ်များကို သိရှိသူများသည် အရေပြားကင်ဆာရှိမရှိ ကြိုတင်စစ်ဆေးမှုခံယူရန် အခွင့်အလမ်း ပိုများပြီး အရေပြားကင်ဆာဖြစ်နေပါက ကုသမှုခံယူနိုင်ပါသည်။ မိသားစုဆရာဝန်များသည် ရောဂါကာကွယ်ရေး နည်းလမ်းများ ဆွေးနွေးရာတွင် နေရောင်ကြောင့် ဘေးအန္တရာယ်မဖြစ်စေရေး လမ်းညွှန်ချက်များကို ထည့်သွင်းဆွေးနွေးသင့်ပါသည်။ နေရောင်ကာဆီများကို မှန်ကန်စွာ အသုံးပြုခြင်းဖြင့် အရေပြားကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချနိုင်ပါသည်။ နေရောင်ကာဆီများကို နေရောင်ထိတွေ့ခြင်းမရှိမီ အနည်းဆုံးမိနစ် ၃၀ ကြိုတင်၍ လုံလောက်သော ပမာဏလိမ်းခြင်း၊ နေရောင်ကြာရှည်စွာ ထိတွေ့ပြီး သို့မဟုတ် ရေကူးပြီးပါက ထပ်လိမ်းခြင်းများ ပြုလုပ်သင့်ပါသည်။ အထူးသတိပြုသည်မှာ နေရောင်ကာဆီများကို အရေပြားကင်ဆာဖြစ်ပွားမှုများမှ ကာကွယ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သုံးခြင်းမဟုတ်ဘဲ သူ့ချည်းသက်သက်သာသုံးပါက အကျိုးရှိလိမ့်နည်မဟုတ်ပါ။


အရေပြားကင်ဆာများ ဖြစ်ပွားမှုကာကွယ်ရေးအတွက် နေရောင်ကြောင့် ဘေးအန္တရာယ် မဖြစ်စေရေး လမ်းညွှန်ချက်များ


- ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံးပါဝင်သောအချိန် ဖြစ်သည့်နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း နေရောင်ထိတွေ့မှုရှောင်ကြဉ်ရန် သို့မဟုတ် နေရောင်ထိတွေ့မှု လျှော့ချရန်။
- နေရောင်ကာဆီများသုံးရာတွင် နေရောင်ကာနိုင်စွမ်း - ၁၅ (Sun Protection Factor SPF – 15) အနည်းဆုံးရှိသော နေရောင်ကာဆီကို လုံလုံလောက်လောက် အသုံးပြုရန်။
- ခရမ်းလွန်ရောင်ခြည် ဘီ အများဆုံးပါဝင်သောအချိန်တွင် နေရောင်ခြည်နှင့် ထိတွေ့ရမည်ဆိုပါက သင့်လျော်သော နေရောင်ကာဆီ အသုံးပြုမှုအပြင် အနားပြားကြီးသော ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာနိုင်သော အဝတ်အစားစသည်တို့ကို ဝတ်ဆင်သင့်ပါသည်။
- တမင်တကာ နေရောင်ခံကာ အသားညိုအောင်လုပ်ခြင်းနှင့် အသားညိုအောင်လုပ်သော အလှပြင်ခန်းများကို ရှောင်ကြဉ်သင့်ပါသည်။


Credit:
ဒေါက်တာခိုင်ခိုင်ဇော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18