ဆောင်းရာသီမှာနှုတ်ခမ်းကွဲတာကို ဘယ်လိုရင်ဆိုင်မလဲ
08-Dec-2018အနောက်မြောက်
မုတ်သုံလေတိုက်ခတ်မှုနဲ့အတူ အေးမြလန်းဆန်းမှုတွေနဲ့ ဆောင်းရာသီက နှုတ်ဆက်လိုက်တဲ့အထိအတွေ့က
နွေရာသီရဲ့ ပူပြင်းမှုတွေကိုလျော့ကျစေနိုင်တာကြောင့် လူတွေက ဆောင်းရာသီရောက်ဖို့ကို
အမြဲမျှော်လင့်နေတတ်ပါတယ်။ ဆောင်းရာသီက ကောင်းတဲ့အချက်တွေများပေမယ့် မကောင်းတဲ့အချက်တစ်ချက်လည်းရှိနေပါတယ်။
ထိုအချက်က ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊ နှုတ်ခမ်းကွဲတာလိုမျိုး ခြောက်သွေ့မှုကိုခံစားရတာပဲဖြစ်ပါတယ်။
နှုတ်ခမ်းခြောက်သွေ့တာက အရမ်းကိုနာကျင်ပါတယ်။ တစ်ခါတလေ နှုတ်ခမ်းခြောက်သွေ့တဲ့အခါ သွေးထွက်တာမျိုးတွေအထိ
ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အဆိုပါပြဿနာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်နေတယ်ဆိုရင်တော့
အိမ်တွင်းသုံးပစ္စည်းလေးတွေကို အသုံးပြုပြီး နှုတ်ခမ်းခြောက်ပြီးကွဲတာကို “ ဘိုင့်ဘိုင့်”
လို့သာနှုတ်ဆက်လိုက်ပါ။
နှုတ်ခမ်းကွဲရတဲ့အကြောင်းရင်းခံတွေက
ဘာတွေများဖြစ်မလဲ
နှုတ်ခမ်းခြောက်သွေ့ကွဲအက်ကတဲ့
အကြောင်းအရင်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့ –
• ရာသီဥတုအကူးအပြောင်း
• အသက်အရွယ်ကြီးရင့်လာမှုကလည်း
နှုတ်ခမ်းခြောက်သွေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။
• နှုတ်ခမ်းကိုက်တာကလည်း
နှုတ်ခမ်းကိုသွေးထွက်စေပြီး ကွဲစေနိုင်ပါတယ်။
• နှုတ်ခမ်းကို
လျက်တာကလည်း အကျင့်ဆိုးတစ်ခုပါ။
• နှုတ်ခမ်းကို
လက်ချောင်းတွေနဲ့ကိုင်တွယ်ထိတွေ့တာက ပိုးတွေကို ကူးစက်စေနိုင်ပါတယ်။
• ရေဓာတ်ခမ်းခြောက်ခြင်း
• နှုတ်ခမ်းနီလိုမျိုး
ဓာတုပစ္စည်းတွေအလွန်အကျွံသုံးစွဲခြင်း
• အယ်လ်ကိုဟောပါဝင်မှုကြောင့်
အရေပြားခြောက်သွေ့ခြင်း
• တာရှည်ခံဓာတုဗေဒပစ္စည်းတွေပါဝင်နေတဲ့
ထုတ်ကုန်တွေ အသုံးပြုခြင်း
• နှုတ်ခမ်းနီမဖျက်ဘဲ
ညအိပ်ခြင်း
• အယ်လ်ကိုဟော၊
ရီတင်နို နဲ့ မန်သော်ပါတဲ့ နှုတ်ခမ်းဆိုးဆေးများ အသုံးပြုခြင်း
ဘယ်လိုကာကွယ်မလဲ
နှုတ်ခမ်းကို
အစိုဓာတ်ပြည့်ဝအောင်ထားပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အခါမျိုးမျာပဲြဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ်
နှုတ်ခမ်းကို အစိုဓာတ်ပြည့်ဝနေအောင် ဂရုပြုပါ။ နေ့တိုင်း ရေဓာတ်လုံလောက်အောင်သောက်သုံးဖို့ကလည်းအရေးပါလှပါတယ်။
ဒီလိုမျိုးလုပ်ဆောင်ပေးခြင်းက နှုတ်ခမ်းကိုသာမက အရေပြားကိုပါ ရေဓာတ်ပြည့်ဝစေမှာဖြစ်ပါတယ်။
နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ ဗီတာမင် ဘီ (Vitamine B)ပါဝင်မှုနည်းတာကလည်း နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာကို
ဖြစ်စေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အနီရောင်အသားတွေ၊ကွေကာအုတ်၊အဆီထုတ်နို့၊
ဆွစ်ချိစ်၊ဥအမျိုးမျိုး၊ပဲပြားတို့ကို ထည့်သွင်းစားသုံးပေးပြီး နှုတ်ခမ်းကို ကာကွယ်လိုက်ပါ။
နှုတ်ခမ်းသားလှပကျန်းမာအောင်
ဒါတွေလုပ်ဆောင်ပေးပါ။
• ဆေးလိပ်ဖြတ်လိုက်ပါ
– ဆေးလိပ်သောက်တာက နှုတ်ခမ်းသားကိုထိခိုက်ပျက်စီးစေသလို အချိန်ကြာလာတာနဲပအမျှ နှုတ်ခမ်းသားအရောင်ကို
ပျက်စီးစေနိုင်တာကြောင့် ဆေးလိပ်ဖြတ်လိုက်ပါ။
• နှုတ်ခမ်းကိုအမြဲအစိုဓာတ်ရနေစေဖို့
အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးအသုံးပြုပါ။
• ညအိပ်ရာမဝင်ခင်
အစိုဓာတ်ထိန်းပေးတဲ့ နှုတ်ခမ်းဆိုးဆေးဆိုးပေးပါ။
• နှုတ်ခမ်းကို
တံတွေးစွတ်တဲ့အကျင့်ကိုဖျောက်ပါ။
• တာရှည်ခံနှုတ်ခမ်းနီတွေမဆိုးပါနဲ့။
ဆောင်းရာသီအတွက်
နှုတ်ခမ်းနီရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အစိုဓာတ်ထိန်းပေးနိုင်စွမ်းမြင့်မားတဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ပါ။
သင်ရွေးချယ်တဲ့နှုတ်ခမ်းဆိုးဆေးက ရေရှည်မှာအကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးသက်ရောက်စေချင်ရင်တော့
SPF ပါတဲ့ နှုတ်ခမ်းဆိုးဆေးမျိုးကိုရွေးချယ်ဝယ်ပေးပါ။ နှုတ်ခမ်းဆိုးဆေးဝယ်ယူတဲ့အခါ အောက်မှာပြထားတဲ့
အရာတွေပါတာကိုရွေးချယ်ဝယ်ယူတာက အကောင်းဆုံးပါပဲ။
Shea
Butter – Shea butter က သဘာဝနေလောင်ကာဆေးတစ်မျိုးဖြစ်ပြီး အနာကျက်စေနိုင်စွမ်းရှိပါတယ်။
နှုတ်ခမ်းသားကို ချောမွေ့စေပါတယ်။
ရှားစောင်းလက်ပတ်
– ရှားစောင်းလက်ပတ်က ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့်
အရေပြားကို ပိုးကူးစက်တာတွေကို ကာကွယ်ပေးပြီး နှုတ်ခမ်းသားကိုချောမွေ့စေနိုင်သလို အစိုဓာတ်လည်းထိန်းပေးပါတယ်။
အလှဆီ
– အရေပြားကိုချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့
သဘာဝပစ္စည်းတစ်မျိုးပါ။
ဂျိုဂျိုးဘားဆီ
– အရေပြားအတွက် အကောင်းဆုံးအာဟာရဖြည့်ပေးပါတယ်။။ အရေပြားကို ချောမွေ့နူးညံ့စေပါတယ်။
ဗီတာမင် အီး
– ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပါတယ်။ နှုတ်ခမ်းကိုလည်းနေရောင်ဒဏ်ကနေကာကွယ်ပေးနိုင်ပါတယ်။
အုန်းဆီ – အရေပြားခြောက်သွေ့ယားယံတာကို
သက်သာစေပါတယ်။ နှုတ်ခမ်းသားကိုနူးညံ့စေပြီး အစိုဓာတ်ထိန်းပေးပါတယ်။
ပျားဖယောင်း
– အရေပြားကို အာဟာရဓာတ်ဖြည့်ပေးပါ။ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို ဘက်တီးရီးယားတွေကိုလည်း
သေစေနိုင်တာကြောင့် အရေပြားမထိခိုက်အောင်လုပ်ဆောင်ပေးပါတယ်။
ဗီတာမင် အေ
နဲ့ ဗီတာမင် ဒီ – ဒီဗီတာမင်တွေမှာ fatty acid ပါဝင်နေတာကြောင့် အရေပြားကလိုအပ်တဲ့ အာဟာရဓာတ်တွေကို
အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ အရေပြားကို ချောမွေ့စေပြီး အနာကျက်မြန်စေပါတယ်။
နှုတ်ခမ်းကွဲတာကို
အိမ်သုံးပစ္စည်းတွေနဲ့ သက်သာအောင်လုပ်ဆောင်မယ်
မိမိအိမ်မှာ
အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီးနှုတ်ခမ်းကွဲတာကို သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းပေးခြင်းက
နှုတ်ခမ်းသားကို ခြောက်သွေ့ကွဲအက်တာတေါကနေကာကွယ်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းတစ်ရပ်ပါ။
နှုတ်ခမ်းအစိုဓာတ်ထိန်းပေးနိုင်မယ့် အိမ်သုံးအစစဉ်းလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ပျားရည် – ပျားရည်က
နှုတ်ခမ်းအစိုဓာတ်ကိုထိန်းပေးနိုင်တဲ့ အကောင်းဆုံးသော အစိုဓာတ်ထိန်းပစ္စည်းပါ။ ညအိပ်တဲ့အခါ
နှုတ်ခမ်းမှာ ပျားရည်လူပြီး အိပ်ပေးပါ။ နှုတ်ခမ်းကိုနေရောင်ကြောင့် ညိုမဲမှုကနေသက်သာစေပြီး
သန့်ရှင်းစေမှာဖြစ်ပါတယ်။
လက်ဖက်စိမ်းရေနွေးအိတ်လေးတွေ
– အသုံးပြုပြီးသား လက်ဖက်စိမ်းရေနွေးအိတ်လေးကို နှုတ်ခမ်းပေါ်မှာ ၄ မိနစ်လောက်ဖိကပ်ပေးပါ။
နေပတိုင်းလုပ်ပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်သွေ့ ကွအြက်တာကို သက်သာစေမှာဖြစ်ပါတယ်။
သံပုရာရည်
– နို့လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သံပုရာရည် ၃ စက်နဲ့ရောပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီလောက်ထားပေးပါ။ မအိပ်ခင် နှုတ်ခမ်းမှာ အဆိုပါရောစပ်ထားတဲ့အရည်ကိုလူးပေးပါ။
နှုတ်ခမ်းသားကို တင်းရင်းပြည့်ဖြိုးစေမှာဖြစ်ပါတယ်။
ဂျိုဂျိုးဘားဆီ
– နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။
နှုတ်ခမ်းကွဲတဲ့နေရာမှာ လူဒပေးမယ်ဆိုရင် နှုျတ်ခမ်းကွဲတာကို သက်သာစေမှာဖြစ်သလို နှုတ်ခမ်းကိုလည်းရေဓာတ်ပြည့်ဝစေမှာဖြစ်ပါတယ်။
သခွားသီး –
နှုတ်ခမ်းကို အခွံနွှာထားတဲ့ သခွားသီးနဲ့ပွတ်ပေးပါ။ သခွားသီးအရည်ကို နှုတ်ခမ်းမှာစွတ်ပေးပြီး
မိနစ် ၂ဝ လောက်ထားပေးပါ။ ပြီးတဲ့နောက် ရေနဲ့ဆေးချလိုက်ပါ။
Hello
Health Group