“ခြေဖဝါးကွဲခြင်းကိုပျောက်ကင်းစေပြီး ကျန်းမာလှပတဲ့ခြေထောက်ပိုင်ဆိုင်စေမ...
31-Aug-2020 သင့်ခြေဖဝါးတွေကွဲအက်နေလို့ လူကြားထဲမှာရှက်စရာဖြစ်နေပါသလား? လူတော်တော်များများဟာ
မျက်နှာကိုအချိန်ပေးပြီးဂရုစိုက်ပေမဲ့ ခြေထောက်ကိုတော့ သေချာဂရုမစိုက်ဖြစ်ကြပါဘူး။
ဒါ့ကြောင့်လည်း သန့်ရှင်းမှုအားနည်းပြီး ခြေဖဝါးအက်ကွဲခြင်းကို ဖြစ်စေပါတယ်။ ဒီလိုပြဿနာကိုဖြေရှင်းဖို့အတွက်
သင့်မီးဖိုချောင်ထဲမှာ အလွယ်တကူရနိုင်တဲ့ အံ့သြဖွယ်ရာထုတ်ကုန်တွေကိုအသုံးပြုနိုင်သောနည်းလမ်းများကို
ဖော်ပြပေးလိုပါတယ်။
၁) Listerineခံတွင်းသန့်ဆေးရည်နှင့်ရှာလကာရည်
Listerineခံတွင်းသန့်ဆေးရည်တွင် thymolလို့ခေါ်သော အပင်မှရတဲ့ဓာတုပစ္စည်းနှင့်
အရက်ပြန်ပါဝင်တဲ့အတွက် ခြေသည်းမှိုစွဲခြင်း၊ခြေဖဝါးကွဲအက်ခြင်း နှင့် ခြေဖဝါးကြွက်နို့များကို
သက်သာစေပြီး အရေပြားကိုချောမွေ့စေပါတယ်။ ရှာလကာရည်မှာပါတဲ့ အက်ဆစ်အပျော့ဟာ ခြောက်သွေ့ပြီးသေဆုံးသွားတဲ့
အရေပြားအလွှာကို နူးညံ့ပြီးခွာချရ လွယ်ကူအောင် လုပ်ပေးပါတယ်။
အသုံးပြုပုံ - Listerine ခွက်၁ခွက်စာနဲ့
ရှာလကာရည် ခွက်၁ခွက်စာကို ရေ၂ခွက်နဲ့ရောပြီး ခြေထောက်ကို ၁၅မိနစ်ခန့်စိမ်ပါ။ ပြီးလျှင်
ခြေထောက်ကို ဂျီးတွန်းကျောက်ဖြင့်ပွတ်တိုက်ပြီး ရေနှင့်ဆေးချပါ။ ခြေဖဝါးကွဲခြင်းသက်သာသည်အထိ
နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။
၂) ဆန်မှုန့်၊ပျားရည်နှင့်ပန်းသီးရှာလကာရည်
ဆန်မှုန့်သည် အရေပြားကို ဂျီးချွတ်သန့်စင်ပေးပြီး လိုအပ်တဲ့သတ္တုဓာတ်များကို
ပြန်လည် ဖြည့်ဆည်းပေးပါတယ်။ ပျားရည်သည် ခြေဖဝါးကွဲအက်ခြင်းကိုပျောက်ကင်းစေတဲ့အာနိသင်
ပါဝင်ပါတယ်။
အသုံးပြုပုံ - ဆန်မှုန့် လက်ဖက်ရည်ဇွန်း၃ဇွန်း၊
ပျားရည်လက်ဖက်ရည်ဇွန်း၁ဇွန်း၊ ပန်းသီးရှာလကာရည် ၂စက်-၃စက်ကို အနှစ်လေးတွေဖြစ်အောင်ရောနယ်လိုက်ပါ။
သင့်ခြေထောက်ကို ရေကြက်သီးနွေးဖြင့် ၁၀မိနစ်လောက်စိမ်ထားပြီးနောက် ထိုအနှစ်ကိုညှင်သာစွာပွတ်လိမ်းပေးပါ။
ဒီနည်းလမ်းကို တစ်ပတ်လျှင် ၂-၃ကြိမ် ပြုလုပ်နိုင်ပါသည်။
၃) ငှက်ပျောသီးအမှည့်
ငှက်ပျောသီးတွင် ဗီတာမင် A, B6, C တို့ပါဝင်သောကြောင့် အရေပြားကိုတင်းရင်းစေပြီး
အစိုဓာတ်ထိန်းပေးနိုင်ပါသည်။
အသုံးပြုပုံ - ငှက်ပျောသီးမှည့်၂လုံးကို
အနှစ်ဖြစ်သွားအောင်ချေလိုက်ပါ။ ပြီးလျှင် ထိုအနှစ်များကို ခြေချောင်းများ အပါအဝင် ခြေထောက်တစ်ခုလုံးကို
ညှင်သာစွာလိမ်းပြီး မိနစ်၂၀ခန့်ထားပြီးနောက် သန့်စင်သောရေဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းကို
ညအိပ်ရာမဝင်ခင်တိုင်း ပြုလုပ်ပေးနိုင်ပါသည်။
၄) ပျားရည်
ပျားရည်သည် အရေပြားအတွင်းပိုင်းရှိရေများကို အရေပြားအပေါ်ယံလွှာထိရောက်အောင်
ဆွဲယူပေးနိုင်သော အစိုဓာတ်ထိန်းပေးသည့်အာနိသင် ပါဝင်သောကြောင့် ခြောက်သွေ့ကွဲအက် နေသော
အရေပြားကိုစိုပြေဖောင်းအိစေပါသည်။
အသုံးပြုပုံ - ဇလုံထဲတွင် ရေနွေးနှင့်
ပျားရည်၁ခွက်ကိုရောထည့်ပြီး ခြေထောက်ကို မိနစ်၂၀ခန့် စိမ်ထားကာ နှိပ်နယ်ပေးပါ။ ဂျီးတွန်းကျောက်ဖြင့်လည်း
အသာအယာပွတ်ပေးနိုင်ပါတယ်။ ပြီးလျှင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ်(Mositurizer)ကို
လိမ်းပေးပါ။ ဒီနည်းကို အိပ်ရာမဝင်ခင် ပုံမှန်ပြုလုပ်ပေးနိုင်ပါသည်။
၅) ရှားစောင်းလက်ပက်
ရှားစောင်းလက်ပက်တွင် ဓာတ်တိုးဆန့်ကျင်ဓာတ်များဖြစ်သော ဗီတာမင်
A,C,Eနှင့် အရောင်ကျစေသောအာနိသင်၊ အနာသက်သာစေသောအာနိသင် နှင့် ဒဏ်ရာကျက်စေသော အာနိသင်များပါဝင်ပါသည်။
အသုံးပြုပုံ - ညအိပ်ရာဝင်ခါနီးတွင်
ခြေထောက်ကိုရေနွေးဖြင့်ဆေးပြီး ဂျီးတွန်းကျောက်ဖြင့် ချေးချွတ်ပါ။ ပြီးလျှင် ရေခြောက်အောင်သုတ်ပြီး
ရှားစောင်းလက်ပက်ဂျယ်လ်ကိုလိမ်းကာ ခြေစွပ်စွပ်ထားလိုက်ပါ။ နောက်နေ့မနက်တွင် ရေနွေးဖြင့်ပြန်ဆေးချပါ။
၆) Vaseline အဆီနှင့်သံပုရာရည်
Vaseline အဆီက အရေပြားအစိုဓာတ်ထိန်းပေးပြီး သံပုရာရည်တွင်ပါဝင်သော
Citric acid က အရေပြားဆဲလ်အသေများကိုကွာကျစေပြီး အရေပြားအလွှာအသစ်ပြန်ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။
အသုံးပြုပုံ - Veseline လက်ဖက်ဇွန်း၁ဇွန်းနှင့်
သံပုရာရည် ၃-၄စက်ကို ရောလိုက်ပါ။ ခြေထောက်ကို ရေနွေးဖြင့် မိနစ်၂၀ခန့်စိမ်ထားပြီး ရေခြောက်အောင်သုတ်ပါ။
ပြီးလျှင် Vaseline နှင့် သံပုရာရည် ရောထားသောအနှစ်ကို ခြေဖဝါးပေါ်လိမ်းပြီး ခြေစွပ်စွပ်ထားပါ။
နောက်နေ့မနက်တွင် ရေနွေးဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းကို ညအိပ်ရာဝင်ခါနီးတိုင်းပြုလုပ်ပေးနိုင်ပါတယ်။
Dr. Ehley