အဆိပ်သင့်ခြင်း
24-Feb-2017
အဆိပ်သင့်ခြင်းကို ဘယ်လိုသိနိုင်မလဲ
(၁) လူနာရာဇဝင်မှ သိနိုင်သည်။ (လူနာ (သို့) မျက်မြင်သက်သေမှ သိနိုင်သည်။ အကယ်၍ လူနာသည် သတိလစ်နေလျှင် သတိလစ်နေသောနေရာ ပတ်ဝန်းကျင်မှ၊သက်သေခံပစ္စည်းမှ သိနိုင်သည်။
(၂) ခံစားရပုံနှင့် စမ်းသပ်တွေ့ရှိချက် (တော်တော်များများတွင် သိသာတဲ့ လက္ခဏာ မပြတတ်ပါ။ အကြောင်းမှာ အဆိပ်သင့်ခြင်းသည် နည်းလွန်း၍လည်းကောင်း၊ လက္ခဏာပြချိန် နှေး၍လည်းကောင်း ဖြစ်နိုင်ပါသည်။အဆိပ်သင့်လက္ခဏာ ပြခြင်းနှေးသဖြင့် လူနာကို ဆေးရုံပေါ်မှ စောစောဆင်းပေးလိုက်၍ နောင်ကြာမှ အဆိပ်တက်ခါ သေဆုံးမှု ရှိတတ်ပါသည်။ ဆေးထိုးအပ်ပေါက်ကို ကြည့်ခြင်းဖြင့် ဆေးစွဲလူနာမှန်း သိနိုင်ပါသည်)။
(၃) ဆေးကုသမှု တိုးတက်ခြင်း (အဆိပ်သင့် သတိလစ်နေသူ အများဆုံးသည် ၁၂ နာရီအတွင်း ဆေးကုသမှုကြောင့် သိသိသာသာ တိုးတက်မှုကို မျှော်လင့်နိုင်ပါသည်။ ဤကဲ့သို့ မသိသာပါက ရောဂါပြန်လည် ဆန်းစစ်ရပါသည်။ ဦးခေါင်းထဲ သွေးယိုစီးမှု ရှိ၊ မရှ ဂရုပြုရပါမည်)။
(၄) ဆေးဝါးအမျိုးအစား စိစစ်ရှာဖွေခြင်း (တချို့ဆေးများသည် အလွယ်တကူ သီနိုင်ပေမဲ့ တချို့ကမသိနိုင်ပါ)။
(၅) ဓာတ်ခွဲစမ်းသပ်ခြင်း (အန်ဖတ်၊ အစာအိမ်ဆေး၍ ရသောအရည်၊ ဆီး စသည်တို့ကို နာရီပိုင်းအတွင်း ချက်ချင်းယူ စိစစ်ရပါသည်။ သွေးနမူနာကိုလည်း စစ်နိုင်ပါသည်။
ပြုစုကုသပုံ
(၁) အဆိပ်သင့်ဓာတ်ငွေ့ရှူမိလျှင် လေကောင်းလေသန့် မြန်မြန်ရှူရအောင် လုပ်ပါ။ အဆိပ်ငွေ့ ပေကျံနေသော အဝတ်အစားကို ချွတ်ပစ်ပါ။
(၂) ပေကျံနေသော အဆိပ်သင့်ဓာတုပစ္စည်း ထိတွေ့ထားသော ခန္ဓာကိုယ်နေရာကို ဆေးကြောပစ်ပါ။ လက်ခွကြား၊ နားရွက်၊ ဆံပင်၊ လက်သည်းအောက်ကို ဂရုစိုက်ပြီးဆေးပစ်ပါ။ ဆင်ပြာ၊ ရေနွေးနိုင်နိုင်သုံး၍ ဆေးကြောပါ။
(၃) အစာလမ်းကြောင်းထဲသွားသော အဆိပ်ဆိုလျှင် အန်ထုတ်ခြင်း၊ အစာအိမ်ဆေးခြင်း၊ ပိုက်ဖြင့်စုပ်ယူခြင်း၊ ACTIVATED CHARCOAL တိုက်ကျွေးခြင်းကို လုပ်နိုင်ပါသည်။ အစာအိမ်အဆင့်သင့်ခြင်း ၂ နာရီကျော်လွန်သွားလျှင် အကျိုးသက်ရောက်မှု နည်းသွားတတ်ပါသည်။
(၄) ACTIVATED CHARCOAL တိုက်၍မရသော အဆိပ်များမှာ သံဓာတ်၊ မီသနော်၊ အက်ဆစ်၊ အယ်ကာလီ၊ အီသိုင်းလင်ဂလိုကော်ဒာတ်ဆီတို့ ဖြစ်သည်။
ACTIVATED CHARCOAL ကို သောက်စေခြင်းဖြင့် SALICYLATE အကိုက်အခဲပျောက်ဆေး၊ CARBAMAZEPINE, DAPSONE, DIGOXIN ဆေး၊ BARBITURATE, QUININE, PHENTYOIN, THEOPHYLLINE စတဲ့ ဆေးအဆိပ်သင့်ခြင်းကို ဖယ်ထုတ်ပေးနိုင်ပါသည်။
Healthcare.com.mm
Ref:
အေးကမ္ဘာဒေါက်တာချစ်
ကျန်းမာရေးလိုတိုရှင်း စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
