နွေရာသီပူပြင်းမှုကြောင့် ကြုံတွေ့ရနိုင်သော ကျန်းမာရေးပြဿနာများ
24-Feb-2017ပတ်ဝန်းကျင်အပူချိန်ကို Temv (Enviromental temperature) လို့မှတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းရှိ အပူချိန်ကို Tcore (Body coretemperature) လို့ မှတ်ရပါတယ်။ အဲ့ဒီ Tcore ဟာ 37 C မှာ ငြိမ်နေအောင် ထိန်းထားနိုင်ရပါမယ်။ ပတ်ဝန်းကျင် အပူချိန်တက်လာလေလေ၊ Tcore ကို 37 C ဖြစ်အောင် ခန္ဓာကိုယ်က ကြိုးစားရလေပါပဲ။ ဒီတာဝန်ကို ဦးနှောက်ထဲက Hypothalamus ဆိုတဲ့ အစိတ်အပိုင်းတစ်ခုက လုပ်ပေးပါတယ်။ Temv 32.5 C ကျော်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ချွေးထွက်လာရမယ်။ အပူတွေ ထွက်အောင်လုပ်ပေးပြီး Tcore ကို ထိန်းထားနိုင်ရပါမယ်။ အဲဒီလိုမှ မလုပ်နိုင်ရင် Tcore အလွန်အကျွံတက်လာပြီး ခန္ဓာကိုယ်ရဲ့ Enzymes စနစ်တွေ ပျက်စီးသွားပါလိမ့်မယ်။
နွေရာသီမှာ ပူပြင်းမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး ပြဿနာတွေကို
(၁) Heat rash
(၂) Heat crumps
(၃) Heat illness
(၄) Heat stroke ဆိုပြီး အကြမ်းဖျင်း လေးမျိုး ခွဲလို့ရပါတယ်။
(၁) Heat rash - မြန်မာလို အနီးစပ်ဆုံးတော့ “မိတ်” ပေါက်တယ်လို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ ချွေးထွက်တဲ့ ဂလင်းတွေ (Gland) ပိတ်ကုန်ပြီး အဖုအပိမ့်တွေ အင်ပျဉ်ထွက်သလို ထွက်လာတတ်တာမျိုးပါ။
(၂) Heat cramps - ဆိုတာမျိုးကတော့ ပူအိုက်တဲ့ရာသီဥတုမှာ ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန် လုပ်မိတဲ့အခါမျိုးမှာ ကြွက်သားတွေ (အထူးသဖြင့် ခြေသလုံးကြွက်သားတွေ) နာကျင်ကိုက်ခဲတာမျိုးကို ခေါ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်တဲ့ အခါမျိုးမှာလည်း ဆားဓာတ်ထက် ရေဓာတ်ကို ပိုဖြည့်မိတဲ့အခါ (ဥပမာ - ချွေးထွက်များတဲ့အခါ ဓာတ်ဆားဖျော်ရည် မသောက်မိဘဲ ရေပဲသောက်နေမိတဲ့အခါ) မျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေတွေအထိ Tcore က မတက်သေးဘဲ ပုံမှန်ပဲ ထိန်းသိမ်း ထားပါသေးတယ်။
(၃) Heat illness - ဆိုတာမျိုးကတော့ Tcore 37 C ထက်ကျော်လာပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ နုံးခွေနေခြင်း၊ ခြေမသယ်ချင် လက်မသယ်ချင်ဖြစ်ခြင်း၊ မူးဝေလာခြင်းနှင့် သတိလစ်ခြင်းတွေပါ တွဲဖြစ်လာတာမျိုးကို ခေါ်ပါတယ်။ ဒီအခြေအနေရောက်ပြီဆိုရင် အဆိုးဆုံးအခြေအနေဖြစ်တဲ့ Heat stoke ရဖို့ အခွင့်အလမ်း အရမ်းများနေပြီ ဖြစ်တဲ့အတွက် စနစ်တကျ မြန်မြန်ဆန်ဆန် ကုသဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်အပူချိန် (Temv) ကို မြန်မြန်ချပေးရပါမယ်။ လေအေးပေးစက် တပ်ထားတဲ့ အခန်းထဲမှာ ထားဖို့လိုပါတယ်။ ရေဖတ်ရွှဲနစ်နေအောင် တိုက်တာ၊ ပန်ကာဖွင့်အခြောက်ခံတာတွေ လုပ်ပြီး အပူတွေထွက်အောင် လုပ်ပေးရပါမယ်။
Healthcare.com.mm
Ref: ဒေါက်တာဟိန်းရာဇာအောင်
ကထိက အထွေထွေရောဂါကုသမားတော်
Arogyam magazine, No.261, April 2014, Pg. 55-56