မြွေအန္တရာယ်
24-Feb-2017
• မြွေကိုက်ခံရပါက မှန်ကန်သော ရှေးဦးသူနာပြုစုမှုကို ခံယူပါ။ ပြီးနောက် -
• မြွေဆိပ်ဖြေဆေးရှိတဲ့ နေရာသို့ ချက်ချင်းသွား၍
• ဆီလျော်သော မြွေဆိပ်ဖြေဆေးကို အချိန်မီထိုးပါ။ သို့မှသာ အသက်ကို ကယ်တင်နိုင်မည်။
ကာကွယ်သောနည်းလမ်းများ
• ညအခါ သွားလာပါက မြွေကိုမြင်နိုင်အောင် မီးဆောင်သွားပါ။
• တုတ်ဖြင့် မြေကြီးကိုပုတ်ခတ်၍ အသံပေးပါက မြေကြီးတုန်ခါမှုကြောင့်မြွေများ ရှောင်တိမ်းသွားတတ်ပါသည်။
• လည်ရှည်ဖိနပ်ထူထူ စီးပါ။
• လုပ်ငန်းခွင်တွင် မြွေဆိုးများ ခိုအောင်းတတ်သော တွင်း၊ သစ်ခေါင်း၊ ခြုံပုတ်၊ ဝါးပုံ၊ အုတ်ပုံတို့ကို သတိထား၍ ကိုင်တွယ်ရှောင်ရှားပါ။
• တွင်း၊ သစ်ခေါင်းတို့ကို လက်မနှိုက်သင့်ပါ။
• မြွေများမခိုအောင်းစေရန် နေအိမ်ပတ်ဝန်းကျင်ကို ရှင်းလင်းထားပါ။
ရှေးဦးသူနာပြုစုနည်းများ
မြွေကိုက်ခံရပါက မြွေဖြေဆေး မထိုးနိုင်သေးမီ ဒဏ်ရာကို အဝတ်ခေါက်ထူထူ ကြီးကြီးတင်၍ တင်းရုံသာ ပတ်တီး (သို့) အဝတ်ရှည်ဖြင့် သုံးလေးပတ်ကာ ကိုယ်လက်အင်္ဂါ တစ်ခုလုံးကို အဖျားမှအရင်း အထိရစ်၍ တင်းရုံသာစည်းထားပြီး ၎င်းခြေလက်အင်္ဂါ မလှုပ်ရှားနိုင်အောင် ဆီလျော်သော တုတ်၊ ဝါးခြမ်းခံ၍ ကြိုးများနှင့် ချည်ထားရမည်။ လှုပ်ရှားခြင်းအားဖြင့် အဆိပ်များ ကိုယ်ခန္ဓာသို့ ပျံ့နှံ့စေပါသည်။ လူနာကို စိတ်အေးအေးထားရန် သတိပေးပါ။
သတိ
အစွယ်ရာပေါ်တွင် ဓားနှင့်ခွဲ၍ သွေးများညှစ်ထုတ်နည်းသည် မလိုအပ်ဘဲ ဒဏ်ရာကြီးခြင်း၊ သွေးကြောများပိတ်ခြင်း၊ အနာရင်းခြင်း၊ ကိုယ်ခန္ဓာထဲသို့မြွေဆိပ်ပျံ့နှံ့မှုကိုပို၍ အားပေးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
The Myanmar Healthcare Directory 2015 မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
