မျက်စိထဲထုံးဝင်ခြင်း
24-Feb-2017
အရေးကြီးတဲ့အချက်က ထုံး၊ ဘိလပ်မြေ၊ အက်ဆစ်စတဲ့ ဓာတုပစ္စည်းတစ်ခုခု မျက်စိထဲဝင်ရင် ဝင်ဝင်ချင်း ရှေးဦးပြုစု စောင့်ရှောက်မှုက အရေးကြီးပါတယ်။ မျက်စိထဲကို ဝင်တာနဲ့ အဲဒီဓာတုပစ္စည်းတွေ မျက်စိထဲမှာ ကြာကြာရှိမနေနိုင်အောင် ချက်ချင်းမျက်စိ ကို ရေနဲ့ဆေးကြောသန့်ရှင်းပစ်ရပါမယ်”
“နော်မယ်ဆလိုင်းတို့၊ ရေသန့်တို့နဲ့ ဆေးတာဟာ အကောင်းဆုံးဖြစ်ပေမယ့် လုပ်ငန်းခွင်မှာ နော်မယ်ဆလိုင်းတို့၊ ရေသန့်တို့ အဆင်သင့် ရှိမနေရင် အချိန်ကုန်ခံပြီး ရှာမနေပါနဲ့။ ဓာတုပစ္စည်း မျက်စိထဲဝင်တာနဲ့ ချက်ချင်းရေဆေးပစ်ဖို့က အရေးကြီး တာကြောင့် ဘုံပိုင်ရေ၊ ဒါမှမဟုတ် ရေတွင်းရေစတဲ့ အလွယ်ရနိုင်တဲ့ရေနဲ့ အမြန်ဆေး ရပါမယ်”
အလွယ်ဆုံးနည်းအနေနဲ့ ဇလုံကြီးကြီးတစ်ခု (သို့) ပလတ်စတစ်ခွက်ကြီးကြီး တစ်ခုထဲမှာ ရေအပြည့်ဖြည့်ပြီး မျက်နှာတစ်ခုလုံးကို ရေထဲမှာနှစ်ပြီး မျက်စိကို ဖွင့်လိုက် ပိတ်လိုက် ပြုလုပ်ရပါမယ်။ အဲဒီလို ဓာတုပစ္စည်းတွေ မျက်စိထဲက ထွက်သွားအောင် လုပ်ပြီးရင် တတိယအဆင့်အနေနဲ့ မျက်စိအထူးကုဆရာဝန် တစ်ဦးဦးဆီ ချက်ချင်းသွား ရပါမယ်” မျက်စိအထူးကုဆရာဝန်က မျက်စိနှင့်မျက်ခွံ အကြားနေရာတွေမှာ ဓာတုပစ္စည်းတွေ ကျန်နေတာရှိရင် ဖယ်ရှားပေးပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေပေး မှာ ဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမင်းသိမ်း
(မျက်စိအထူးကုဆရာဝန်ကြီး)
Health for all magazine, No.107, December 2015, Pg. 38
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
