Fecal Incontinence (ဝမ်းမထိန်းနိုင်ခြင်း)
24-Feb-2017
FecalIncontinenceသည်အူလမ်းကြောင်းလှုပ်ရှားမှုများကိုမထိန်းချုပ်နိုင်ခြင်းကြောင့် အစာဟောင်းအိမ်မှ မစင် (ဝမ်း) များ မမျှော်လင့်ဘဲ ယိုထွက်ခြင်းဖြစ်သည်။
လက္ခဏာများ
အချို့လူများတွင် ဝမ်းမထိန်းနိုင်ခြင်းသည် ထပ်ခါတလဲလဲနှင့် ရေရှည်ခံစားနေရ တတ်သည်။ Fecal Incontinence နှင့် တွဲ၍ ဖြစ်တတ်သော လက္ခဏာများ အနေဖြင့် -
. ဝမ်းလျှောခြင်း
. ဝမ်းချုပ်ခြင်းနှင့်
. လေပွခြင်းတို့ ဖြစ်စေနိုင်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
Fecal Incontinence ဖြစ်ပွားရသော အကြောင်းရင်းများမှာ -
- စအိုကြွက်သားများ ထိခိုက်မှုဖြစ်ခြင်း
- စအိုကြွက်သားကို ထိန်းချုပ်သော အာရုံကြောများ ပျက်စီးခြင်း
- ဝမ်းချုပ်ခြင်း
- ဝမ်းသွားခြင်း
- အစာဟောင်းအိမ်ထဲတွင် သိုလှောင်နိုင်စွမ်း လျော့နည်းခြင်း
- လိပ်ခေါင်းအား ခွဲစိတ်ဖူးခြင်း
- စအိုပေါက်သို့ အစာဟောင်းအိမ် ကျွံကျခြင်း
- အမျိုးသမီးများတွင် အစာဟောင်းအိမ် မိန်းမကိုယ်မှနေ၍ ကျွံကျခြင်း အစရှိသည်တို့ ဖြစ်ပါသည်။
ဖြစ်နိုင်ချေများသူများ
Fecal Incontinence သည် -
. မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သော်လည်း လူလတ်ပိုင်းနှင့် လူကြီးများတွင် အဖြစ်များသည်။
. အမျိုးသမီးများ
. ဆီးချိုရောဂါရှိ၍ အာရုံကြော ထိခို်က်နေသူများ
. သတိမေ့ရောဂါ ခံစားနေရသူများ
. ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် မလှုပ်ရှားနိုင်ဖြစ်နေသူများ တွင် အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲ ပြဿနာများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားရခြင်း၊ အရေပြား နာကျင်ခြင်းနှင့် ယားယံခြင်းများ ဖြစ်စေနိုင်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
Fecal Incontinence သည် ကုသ၍ ရသည့်ရောဂါ ဖြစ်သည့်အတွက် လက္ခဏာများ သက်သာစေရန် ရောဂါစတင်ခံစားရသည်နှင့် ဆေးရုံဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
Fecal Incontinence အားသိရှိနိုင်ရန် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်း များအပြင် လက်ဖြင့် စအိုအတွင်းသို့ စမ်းသပ်ခြင်း၊ Anal manometry ( စအိုထဲသို့ ပိုက်ချောင်းထည့်၍ စမ်းသပ်ခြင်း)၊ Anal ultrasonography (စအိုထဲသို့ ကင်မရာထည့်၍ ကြည့်ခြင်း)၊ Colonoscopy ( မှန်ပြောင်းကြည့်ခြင်း)နှင့် MRI (သံလိုက်ဓာတ်မှန် ရိုက်ခြင်း) တို့ ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
Fecal Incontinence အား ကုသရာတွင် သောက်ဆေးအနေဖြင့် ဖြစ်ပွားရသော အကြောင်းရင်းကို လိုက်၍ ဝမ်းပိတ်ဆေး၊ ဝမ်းပျော့ဆေး၊အ စားအသောက်ပုံစံပြောင်းခြင်းနှင့် အရိုးအကြော ပြန်လည်လေ့ကျင့်ရေး အထူးကုများထံသွား၍ လေ့ကျင့်ခန်း များ လုပ်၍လည်း ကုသနိုင်သည်။ ထို့ပြင် ခွဲစိတ်မှုများ အနေဖြင့် စအိုထိန်းကြွက်သား အား ပြန်လည်ပြုပြင်ခြင်း/ဖယ်ရှားခြင်းများဖြင့် ကုသနိုင်ပြီး မရပါက နောက်ဆုံးတွင် အူလမ်းကြောင်း ပြောင်းခြင်းတို့ဖြင့် ကုသရမည်ဖြစ်သည်။
ကာကွယ်ခြင်း
Fecal Incontinence အား ကာကွယ်ရန်အတွက် -
. ဝမ်းမချုပ်စေအောင် နေထိုင်ခြင်း
. ဝမ်းလျှောခြင်းအား ကုသမှု ခံယူခြင်းနှင့်
. အလွန်အမင်း ညှစ်ခြင်းအား ရှောင်ကြဉ်ခြင်း စသည်တို့ကို လိုက်နာပေးသင့်ပါသည်။
Paing
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
