နားတွင်းရောဂါပိုးဝင်ခြင်း
24-Feb-2017
ကလေးငယ်တွေရဲ့ လည်ချောင်းနဲ့နားကို ဆက်တဲ့ နားပြွန်ဟာ အလွန်သေးငယ် တဲ့အတွက် အအေးမိဝေဒနာကြောင့် ရောင်ရမ်းမှုဖြစ်တဲ့အခါမှာ ပိတ်ဆို့နိုင်ချေ များ သွားပါတယ်။ နားပြွန်ပိတ်ဆို့တာကြောင့် နားစည်အနောက်ဘက် အလယ်နားမှာ အရည်တွေစုဆောင်းမှု ဖြစ်လာတဲ့အတွက် ရောဂါပိုးမွှားတွေ ပေါက်ဖွားနှုန်းများလာပါတယ်။
နားတွင်း ရောဂါပိုးဝင်နေတဲ့ ကလေးငယ်တွေဟာ အဖျားရှိနေတတ်ပါတယ်။ များသောအားဖြင့် ဗိုင်းရပ်စ်ပိုးမွှားကြောင့်ဖြစ်ပြီး အလိုလို
ပျောက်ကင်း သွားနိုင်ပါတယ်။ အကယ်၍ မပျောက်ကင်းဘဲ ပိတ်ဆို့တဲ့အရည်တွေ က ပျစ်လာတဲ့အချိန်မှာ ကလေးငယ်ရဲ့ အကြားအာရုံကို ထိခိုက်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ပြသဖို့ လိုအပ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Good Health Journal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

