သွေးကင်ဆာအကြောင်း သိကောင်းစရာများ
25-Feb-2017Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ရိုးတွင်းချဉ်ဆီထဲမှာ
(သို့မဟုတ်)Peripheral Bloodထဲမှာသွေးဖြူဥဆဲလ်အရေအတွက်တွေ မြင့်တက်
လာပါတယ်။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ်စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်
ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထဝီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ
တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။
သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ
--------------------------------------
လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှု
ရှိနေပါတယ် ။
၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)
ဂျပန်နို်င်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် )
ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း
( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီးယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။
၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)
နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ်။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါ
တယ်။
၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)
ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်
ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။
၄ ။ မျိုးရိုးဗီဇ ( Genetic)
သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။
၅ ။ ခုခံအားစနစ် (Immunological )
လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့
-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။
လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ
----------------------------------------
လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။
လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ
-------------------------------------------------
လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန်
သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း။
- ပိန်ချုံးခြင်း။
- ကိုယ်လက်မအီမသာဖြစ်ခြင်း။
- လည်ချောင်းနာခြင်း။
- သွားဖုံးရောင်ခြင်း။
- ညဖက်တွင်ချွေးစေးများထွက်ခြင်း။
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း။
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ။
- အရိုးနှင့် အဆစ်အမြစ်နာခြင်း။
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။
Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့
- မောပန်းလွယ်ခြင်း။
- ကိုယ်လက်မအီမသာဖြစ်ခြင်း။
- အစားအသောက်ပျက်ခြင်း။
- ပိန်ချုံးခြင်း။
- ညဖက်တွင်ချွေးစေးများထွက်ခြင်း။
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။
ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယား
မဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။
Ref:
သက်တန့်ချို
Public health in Myanmar
Saturday, April 30, 2011
Source:
Davidson's Principle and Practice of Medicine ( 20th Edition)