ဆေးလိပ်ငွေ ့တစ်ဆင့်ရှူရှိုက်ခြင်းက ဆီးချိုရောဂါအမျိုးအစား ၂ ဖြစ်နိုင်ခ...
25-Feb-2017
ဆေးလိပ်သောက်သူတစ်ယောက်နဲ ့အတူနေထိုင်ခြင်းက သင်ကိုယ်တိုင်
ဆေးလိပ်မသောက်သည့်တိုင် ဆီးချိုအမျိုးအစား ၂ ကို ရစေနိုင်ကြောင်း လေ့လာတွေ ့ရှိမှု
အသစ်တစ်ခုအရ သိရှိရပါတယ်။ဆေးလိပ်မီးခိုးငွေ ့တွေကိုရှူရှိုက်ခြင်းက အဆိုပါရောဂါ
ရရှိမှုနဲ ့ဆက်စပ်နေကြောင်း လူပေါင်း ခြောက်သန်း နီးပါးကို ဆန်းစစ်ခဲ့တဲ့ လေ့လာ
မှုပေါင်း၈၈ ခု ရဲ့ အချက်အလက်တွေကို ထုတ်ယူလေ့လာပြီးနောက် တွေ ့ရှိခဲ့ရတာ
ဖြစ်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ ကင်ဆာ ၊ အသက်ရှူလမ်းကြောင်းဆိုင်
ရာရောဂါနဲ ့နှလုံးရောဂါတွေကို ရနိုင်ကြောင်း အထောက်အထားတွေ များပေမယ့် ဆီးချိုအမျိုးအစား ၂ နဲ ့ပတ်သက်ပြီး အထောက်အထားတွေကိုတော့ ပြသနိုင်မှုပိုင်းမှာ နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ယခုလေ့လာမှုအသစ်ကတော့ တစ်ကမ္ဘာလုံးက
ဆီးချိုဖြစ်ပွားမှု ၂၈ သန်းလောက်ဟာ ဆေးလိပ်သောက်မှုကြောင့် အဓိကဖြစ်နိုင်တယ်
လို ့ဆိုပါတယ်။
The Lancet Diabetes & Endrocrinology ဂျာနယ်မှာ ဖော်ပြခဲ့တဲ့
လေ့လာမှုမှာ ဆေးလိပ်သောက်သုံးသူတွေဟာ လုံးဝမသောက်ဖူးတဲ့သူတွေနဲ ့ယှဉ်ရင် ဆီးချိုဖြစ်နိုင်ခြေ ၃ရရာခိုင်နှုန်း မြင့်တက်နေကြောင်း တွေ ့ရှိခဲ့ရပါတယ်။ ဆေးလိပ်ဖြတ်ပြီး
တဲ့လူတွေမှာတော့၊ ဆီးချိုဖြစ်နိုင်ခြေက ပြန်ကျသွားပြီး ၁၄ ရာခိုင်နှုန်းသာရှိတော့ကာ
ဆေးလိပ်ငွေ ့တစ်ဆင့်ရှုရှိုက်ရသူတွေကတော့ ၂၂ ရာခိုင်နှုန်း နဲ ့စိုးရိမ်ဖွယ်ရာအဆင့်မှာ
ရှိပါတယ်။လက်ရှိဆေးလိပ်သောက်နေသူတွေအနေနဲ ့တစ်နေ ့တစ်လိပ်နှစ်လိပ်သာသောက်တတ်သူတွေဟာ ဆီးချို ဖြစ်နိုင်ခြေ ၂၁ ရာခိုင်နှုန်းပိုများပြီး၊ အသင့်အတင့်သောက်
သူတွေက ၃၄ ရာခိုင်နှုန်းနဲ ့အလွန်အကျွံ ဆေးလိပ်သောက်သူတွေကတော့ ၅၇ ရာခိုင်နှုန်းပိုများပါတယ်။ဆေးလိပ်မသောက်သုံးရနေရာတွေသတ်မှတ်ပေးခြင်းက ဆေးလိပ်မသောက်သူတွေကို ကာကွယ်မှုပေးနိုင် သလို၊ ဆေးလိပ်သောက်သူတွေအနေနဲ ့
လည်း ဆေးလိပ်အောင်မြင်စွာဖြတ်နိုင်မှုပိုများလာနိုင်တယ်လို ့ ဆိုပါတယ်။
Ref:Ye Wint
သစ်ထူးလွင်
Monday.September28.2015
Source:
Mirror
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
