အရက်အဆိပ်သင့်ခြင်း
27-Feb-2017
အရက်ကို ကြာရှည်စွဲမြဲစွာသောက်လျှင် ကာယ၊ စိတ်ဓာတ်စွမ်းဆောင်မှုများကို ထိခိုက်နိုင်ခြင်း၊ အာရုံကြောစနစ်ကို ထိခိုက်နိုင်ခြင်းဖြင့် အသည်းခြောက်ဝေဒနာ များ ဖြစ်စေနိုင်ပါသည်။
လက္ခဏာများ
အရက်အဆိပ်သင့်သောလူ တစ်ဦးတွင် တွေ့ရမည့် လက္ခဏာများမှာ အိပ်လိုက် ၊ နိုးလိုက်ဖြစ်ခြင်း၊ မျက်နှာနီးမြန်းနေခြင်း၊ ချွေးစေးပြန်ခြင်း၊ သွေးခုန်နှုန်းမြန်ခြင်း၊ အသက်ရှူပြင်းခြင်း၊ အချိန်အကြာကြီး သတိလစ်နေနိုင်ခြင်း၊
အရက်အလွန်အကျွံသောက်ပါက ဖြစ်နိုင်သောအန္တရာယ်များ
အရက်အလွန်အကျွံသောက်သုံးမိပါက အန်ဖတ်ဆို့နင်ခြင်း၊ အစာဆို့နင်ခြင်း၊ အရက်ကြောင့် သွေးကြောကျယ်ပြီး ခန္ဓာကိုယ်အပူချိန် ကျဆင်း၍ သွေးဆုတ်သွေးလန် ့ဖြစ်ခြင်း၊ သတိလစ်ပြိုလဲ၍ ဦးခေါင်းနှင့် အခြားအင်္ဂါ အစိတ်အပိုင်းများကို ထိခိုက်ဒဏ်ရာ ရခြင်းများ ဖြစ်နိုင်ပါသည်။
ပြုစုခြင်း
၁။ လူနာကို နွေးထွေးစွာထားပါ။
၂။ သတိလစ်နေပါက စိတ်ချရသော ဘေးစောင်းအနေအထားဖြင့် ထားပါ။
၃။ အခြားဒဏ်ရာများရှိ၊ မရှိစစ်ဆေးပါ။ အထူးသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရှိ၊ မရှိစစ်ဆေးပါ။ ဒဏ်ရာရရှိပါက ဒဏ်ရာပြုစုပုံအတိုင်း ပြုစုပါ။
၄။ သတိလစ်နေသောနေရာကို အသက်ရှင်သန်မှုလက္ခဏာများဖြစ်သည့် တုန့်ပြန်မှု၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်းတို့ကို စောင့်ကြည့်မှတ်တမ်းတင်၍ထားပါ။
၅။ ဆေးရုံ၊ ဆေးပေးခန်းသို့ပို့ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
