တက်ခြင်း (Fits)
27-Feb-2017
တက်ခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ဝက်ရူးပြန်ရောဂါ (Epilepsy) ကြောင့် ဟုတ်ချင်မှ ဟုတ်မည်။ မည်သူမဆို တစ်ဦးတစ်ယောက် တက်နေ ပါက အောက်ပါအတိုင်း ပြုစုသင့်သည်။
(၁) ဒဏ်ရာ ဖြစ်စေနိုင်သော ပစ္စည်းများကို ဘေးဖယ်ပါ။
(၂) လည်ပင်းကြယ်သီး တပ်ထားပါက အကျင်္ီစမှ လည်ပင်းကြယ်သီးကို ဖြုတ်ပါ။
(၃) ဦးခေါင်းကို ဘေးတစ်ဖက်သို့ စောင်းထားပါ။
(၄) လူမအုံစေဘဲ လေဝင်ကောင်းစေရန် ယပ်ခတ်ပေးပါ။
၁။ လူကြီး၊ ကလေး တက်စေသော အကြောင်းများ
(၁) ဖျားခြင်း (အဖျားကြီးကြီး ၁၀၄ ဒီဂရီအထက်)
(၂) ဦးခေါင်း ဒဏ်ရာရခြင်း
(၃) စိတ်တိုခြင်း
(၄) စိတ်ရောဂါရခြင်း
(၅) ဦးခေါင်းထဲမြင်းဘုရှိခြင်း
(၆) ဦးခေါင်းထဲ ဦးနှောက်နှင့် ကျောအာရုံကြောမအရည် (Cerebrospinal Fluid များခြင်း)
(၇) ဝက်ရူးပြန်ရောဂါ (Epilepsy) ရှိခြင်း
(၈) နားထင်လုံး ဦးနှောက်တက်ရောဂါရခြင်း (Temporal Lobe Epilepsy)
(၉) ဦးနှောက်မြှေးရောင်ခြင်း (Meningitis)
(၁၀) ဦးနှောက်သားရောင်ခြင်း (Encephalits)
သို့သော် အထက်ပါအတိုင်း ကုသရုံဖြင့် မလုံလောက်သေးပါ။ ဆရာဝန်ပြ ၍ ရောဂါပျောက်အောင် ကုသရပါဦးမည်။ အရေးပေါ်ဆရာဝန်အား ပြသ၍ ဆက်လက် ကုသမှု ခံယူပါ။
၂။ ချော်လဲ၍ ပွန်းပဲ့ခြင်း၊ ဒူးကွဲခြင်း၊ လက်ဓါးရှခြင်း စသည့် သွေးထွက်သံယို အနာတရများ ကုသခြင်း
(၁) ဒဏ်ရာကို ဖုံဖြင့် မသုတ်လိမ်းရ၊ ဖုံထဲမှ မေးခိုင်ရောဂါပိုး (Tetanus) ဝင်နိုင်သည်။
(၂) အနာကို ဆပ်ပြာနှင့်ရေဖြင့်သန့်စင်ပါ။
(၃) အနာမှာသေးပါက သွေးတိတ်ရန် ဖိအားသုံးပါ။ လက်၊ ပလာစတာ၊ ပတ်တီးတစ်ခုခုဖြင့် ပိတ်ပါ။
(၄) ပွန်းပဲ့ (သို့) ဓားရှသည့်နေရာကို ပိုးသတ်ဆေးပါ လိမ်းဆေး ဥပမာ Burnol, Savlon, Betadine, Dettol စသည်ဖြင့် လိမ်းဆေးလိမ်း၍ ပလာစတာ ကပ်ပါ။ သို့မဟုတ် ပတ်တီးစီးပါ။
(၅) ပါးစပ်မှ အနာအကျင်နှင့် အရောင်ပျောက်ဆေး ဥပမာ Pandol, Tylenol, Ibuprofen တစ်ခုခု တိုက်ပါ။
(၆) အနာပေါ် မလုပ်သင့်သည်များကို မလုပ်ပါနှင့်
(က) ပါးစပ်ဖြင့် မမှုတ်ပါနှင့်
(ခ) ရေမဆေး၊ ပိုးသတ်ဆေး မလိမ်းဘဲ ပတ်တီး မစီးပါနှင့်
(ဂ) မိမိဘာသာ အနာကို မနှိုက်ပါနှင့်
(ဃ) အနာပေါ်သွားတိုက်ဆေး၊ ကိုယ်လိမ်းပေါင်ဒါ စသည် မလိမ်းပါနှင့်
(၇) ဆရာဝန်က မေးခိုင်ဆေး (TT) ထိုးပေးပါက အထိုးခံပါ။
(၈) အရောင် သက်သာစေရန် အနာပေါ်ပရုပ်ဆီ မလိမ်းပါနှင့်။ ရေအေးအုံက လက်ခံပါ။
(၉) ဆရာဝန် စကား နားထောင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit: Witch doctor
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
