Absence Seizures (မသိလိုက်မသိဘာသာ တက်ခြင်း)
27-Feb-2017
မည်သူမျှ သတိမထားမိလိုက်သော အချိန်တိုလေးအတွင်းတွင် သတိလွတ်သွားခြင်းကို ဆိုလိုပါသည်။
လက္ခဏာများ
လူတစ်ယောက် တစ်နေရာကို စူးစိုက်ကြည့်နေခြင်းနှင့် ပုံစံဆင်တူသည်။ စက္ကန့် ၁၀ မှ ၁၅ စက္ကန့်သာ ကြာမြင့်သည်။ အခြား အတက်ရောဂါများကဲ့သို့ ခေါင်းကိုက်ခြင်း၊ သတိလစ်ခြင်း၊ မှိန်းခြင်းတို့ မဖြစ်ပေါ်တတ်ပါ။
အတွေ့ရများသော ပုံစံများမှာ-
- မိမိပြုလုပ်နေသည့် ပုံစံအနေအထား ရပ်တန့်သွားခြင်း ဥပမာ- စကားပြောနေရင်း ရုတ်တရက် ရပ်တန့်သွားခြင်း။
- နှုတ်ခမ်းစုပ်ခြင်း
- မျက်တောင် တဖျတ်ဖျတ် ခတ်ခြင်း
- ပါးစပ်မှ တခုခုဝါးသည့် အမူအရာ ဖြစ်နေခြင်း
- လက်ပွတ်ခြင်း
- လက်လှုပ်ခြင်း
- ကလေးတစ်ယောက် အနေဖြင့် သင်ကြားရေးတွင် နှောင့်နှေးခြင်း၊ သင်ကြားရခက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်စေသော အဓိက အကြောင်းရင်း မရှိပါ။ အချို့ကလေးများတွင် မွေးရာပါ မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်သည်။ အသက်ရှူမြန်ခြင်းသည်လည်း ပို၍ ဆိုးစေသော အကြောင်းရင်းတွင် ပါဝင်သည်။ ယေဘုယျ ခြုံကြည့်လျှင် ခန္ဓာကိုယ်လှုပ်ရှားမှုကို ထိန်းချုပ်ပေးသည့် အာရုံကြောလေးများ ပုံမှန်နှင့်မတူဘဲ ပြောင်းလဲနေသည့်အတွက်ကြောင့် ဖြစ်သည်။
ဖြစ်နိုင်ချေ များသူများ
- အသက် ၄ နှစ်နှင့် ၁ဝနှစ်အတွင်းရှိ ကလေးများ
- အတက်ရောဂါ အတော်များများသည် ယောကျာ်းလေးတွင် အဖြစ်များသော်လည်း ယခုရောဂါသည် မိန်းကလေးများတွင်ပို၍ အဖြစ်များသည်။
- အဖျားကြီးတိုင်း တက်ဖူးသည့် ကလေးဖြစ်လျှင်
- မိဘမျိုးရိုးထဲတွင် အတက်ရောဂါရှိလျှင်
နောက်ဆက်တွဲ ပြဿနာများ
- ကလေးဘဝတွင် ရောဂါ မပျောက်သွားဘဲ ကြီးသည်အထိ ဖြစ်တတ်ခြင်း
- အချို့သူများတွင် မသိလိုက်မသိဘာသာ တက်ခြင်းမှတဆင့် ပို၍ဆိုးသော အတက် ဖြစ်သွားခြင််း
- သင်ကြားရ ခက်ခဲခြင်း
- အပြုအမူ ပြောင်းလဲခြင်း
- ပတ်ဝန်းကျင် နှင့်ကင်းကွာခြင်း။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- အတက်ရောဂါရှိခြင်းကို စတင်သိရှိသည်နှင့် ပြသင့်သည်။.
- ပုံမှန်တက်နေသည့် ပုံစံနှင့်မတူဘဲ တက်လျှင်။
- ဆေးသောက်နေသော်လည်း အတက် မသက်သာဘဲ ဆက်၍ရှိနေလျှင်။
စစ်ဆေးမှုများ
Electroencephalography( EEG)- လျှစ်စစ်ဖြင့် ဦးနှောက်စမ်းသပ်ခြင်း။
Brain scan- CT scan, MRI scan - ဦးနှောက် ဓာတ်မှန် ရိုက်ခြင်း။
ကုသခြင်း
အတက်ကျဆေးများ ပုံမှန်သောက်သုံးရမည်။ အတက် သက်သာပြီးနောက် ၂ နှစ်အထိ ဆေးကို တဖြည်းဖြည်း ဖြတ်သွားရန် လိုအပ်ပါသည်။ ထိုအရာများကို ဆရာဝန်မှ လိုအပ်သလို ညွှန်ကြားပါလိမ့်မည်။
Dr.hp
Ref: Mayo clinic
Checked by PTA
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
