Print

ခေတ္တ သတိမေ့ခြင်း (Syncope)

  27-Feb-2017
Preview Image

ရုတ်တရက် ဦးနှောက်သို့ သွေးရောက်မှုနည်းသဖြင့် မတ်တပ် မရပ်နိုင်ဘဲ လဲကျကာ သတိမေ့ခြင်း ဖြစ်သည်။ ခေတ္တသာဖြစ်၍ နောက်ပြန်သတိရလာသည်။ ဤသို့ဖြစ်သည်မှာ သွေးလည်ပတ်မှု မကောင်း၍သာ ဖြစ်ပြီး ဝက်ရူးပြန်ရောဂါကြောင့်တက်ခြင်း၊ ရုတ်တရက် သွေးလန့်ခြင်းနှင့် ရေရှည်သတိမေ့မြောစေသော အကြောင်းများကြောင့် မဟုတ်ပေ။ ဖြစ်ပွားရသော အကြောင်းမှာ အဓိကနှစ်ခုသာ။

 

(၁) နှလုံးရောဂါရှိခြင်း
(၂) နှလုံးကိုပေးသော ဗေဂတ်စ်အာရုံကြော မကောင်း၍ဖြစ်ခြင်း (Vasovagal Attack) 

 

ဥပမာ မသတီစရာ မြင်ကွင်းတစ်ခုကိုမြင်၍ သတိမေ့ခြင်း (သို့) မတ်တပ်ရပ်နေရာမှ လဲမလိုဖြစ်ခြင်း၊ သွေးကိုမြင်၍ ထိတ်လန့်ခြင်း ဝမ်းနည်းစရာမြင်ကွင်းမြင်၍ ထိတ်လန့်ခြင်း။

 

က။ ရောဂါ လက္ခဏာများ 

(၁) ရှေးက ယခုလိုဖြစ်ဖူးခြင်း
(၂) သတိ မမေ့မီ ခေါင်းမူးခြင်း၊ ခေါင်းချာချာလည်ခြင်း၊ ခေါင်းမှာ ပေါ့သည်ဟု ခံစားရခြင်း
(၃) အားမရှိဟု ခံစားရခြင်း
(၄) ချွေးထွက်ခြင်း
(၅) ပျို့ခြင်း၊ အန်ခြင်း
(၆) မျက်စိ မှုန်ဝါးလာခြင်း၊ အရိပ်တစ်ခုမြင်ခြင်း
(၇) အရေပြား အေးစက်လာခြင်း၊ အရိပ်နှစ်ခုမြင်ခြင်း
(၈) ခြေလက်များ ကျင်လာခြင်း၊ ဖြူလာခြင်း
(၉) ရင်ဘတ်နာခြင်း
(၁၀) တစ်ခုခုလုပ်မည်ကြံလျှင် ဖြစ်တတ်ခြင်း

 

ခ။ ကုသခြင်း

(၁) လူနာကို ပြင်ညီပေါ်မှာ လှဲထားပါ။ ပက်လက်လှန်၍ ခြေထောက်ကို မြင့်မြင့်ထားပါ။
(၂) အသက်ရှူ မှန်ပါစေ။ ရှူနိုင်အောင် ဦးခေါင်း တစောင်း လှည့်ထားပါ။
(၃) ဂလူးကို့စ် (သို့) လက်ဖက်ရည်၊ ကော်ဖီတိုက်ပါ။
(၄) ဆရာဝန် ခေါ်ပါ။ စောင့်နေစဉ် အောက်ဆီဂျင် ပေးထားပါ။
(၅) ဆရာဝန်က အောက်ပါအတိုင်း ရောဂါသိရန် စူးစမ်းပါလိမ့်မည်။
(က) ရောဂါရာဇဝင်
(ခ) ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း အထူးသဖြင့် နှလုံးရောဂါရှိ၊မရှိ
(ဂ) နှလုံးလျှပ်စစ်ဓာတ်ဖြတ်ပုံကြည့်ခြင်း (အီးစီဂျီ ECG)
(ဃ) ဦးခေါင်းလျှပ်စီးတိုင်းကြည့်ခြင်း (ဝါ) လျှပ်စစ်ဖြတ်ပုံကြည့်ခြင်း (EEG)
(င) သွေးတွင်းဓာတ်များ တိုင်းခြင်း
(စ) ရင်ခေါင်းဓာတ်မှန်
(ဆ) ဦးခေါင်းစီတီ (CT) ၊ ဝမ်းဗိုက် စီတီ (CT) 
(ဇ) ဦးနှောက် MRI 

 

(ဂ) စိတ်ချရသော စစ်ဆေးမှု ရလဒ်များ

(၁) ပုံမှန်အီစီဂျီ (E.C.G)
(၂) ပုံမှန်အီးအီးဂျီ (E.E.G)
(၃) ပုံမှန်ဓာတ်မှန်နှင့် အလားတူ ရိုက်ချက်များ
(၄) ပုံမှန်နှလုံးကို လေ့ကျင့်ခန်း လုပ်စမ်းချက် (Stress Test)
(၅) နှလုံးခုန် ပုံမှန်ပြန်ဖြစ်ခြင်း။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18