ပေါင်ရိုးကျိုးခြင်းကို ပြုစုခြင်း
27-Feb-2017ပေါင်ရိုးကျိုးသောလူနာအား -
၁။ လူနာအား ပက်လက် အနေအထားတွင် ထားပါ။ ဂျိုင်းအောက်မှ အပြင်ခြေမျက်စိထိ ရှည်သော ကြပ်တစ်ချောင်းနှင့် ပေါင်ခွမှ အတွင်းခြေမျက်စိထိရှည်သော ကြပ်တစ်ချောင်းကို ကျိုးသောခြေထောက်၏ တစ်ဘက်တစ်ချက်တွင် ထားပါ။
၂။ ဂျိုင်းကြား၊ ပေါင်ကြား၊ ဒူးဆစ်နှင့် ခြေမျက်စိတို့တွင် အဝတ်စ၊ ဂွမ်းများထည့်ပါ။
၃။ (က) ခြေကျင်းဝတ် (ခ) ဂျိုင်း (ဂ) တင်ပဆုံ (ဃ) ဒူးဆစ် (င) ကျိုးသောနေရာအထက် (စ) ကျိုးသောနေရာအောက် (ဆ) ခြေသလုံးတွင် တစ်ချက် ပတ်တီးစည်းပါ။
ခြေသလုံးကျိုးပါက
(က) ခြေကျင်းဝတ် (ခ) ပေါင်ရင်း (ဂ) ကျိုးသောနေရာ အထက် (ဃ) ကျိုးသောနေရာအောက် (င) ဒူးတွင် တစ်ချက် ပတ်တီးစည်းပါ။
ရှောင်ရမည့်အချက်များ
၁။ မလိုအပ်ဘဲ လူနာကို ရွှေ့ပြောင်းခြင်း မပြုရပါ။
၂။ ပတ်တီးကို တင်းကြပ်အောင် မစည်းရပါ။ (သွေးလျှောက်မှုနှောင့်နှေးပိတ်ဆို့နိုင်သည်)
၃။ လက်ဖျား၊ ခြေဖျားများ ဖုံးအောင် မစည်းရပါ။ (သွေးလည်ပတ်မှုကို စစ်ဆေးနိုင်ရန်)
၄။ အပွင့်ကျိုးသော ဒဏ်ရာကိုပြုစုလျှင် တိုက်ရိုက်ကိုင်တွယ်ခြင်း မပြုရ။
၅။ ငေါထွက်နေသော အရိုးအားပြန်သွင်းရန် မကြိုးစားပါနှင့်။
၆။ လည်ပင်းရိုးနှင့် ကျောရိုးတန်းမကြီး ကျိုးသောနေရာအား ပွေ့ချီ၍ မသယ်ရပါ။
၇။ ခွဲစိတ်ခန်းဝင်မည့် လူနာများအား မည်သည့်အစားအစာမှ မကျွေးရ၊ မတိုက်ရ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နုတ်ထားပါသည်။