Print

နှာခေါင်းသွေးလျှံခြင်း

  27-Feb-2017
Preview Image

နှာခေါင်းသွေးလျှံခြင်းဆိုတာ နှာယောင်တစ်လျှောက်မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ်။ 

 

ဘာကြောင့် လူတွေနှာခေါင်းသွေးလျှံခြင်းခံစားရသလဲ
နှာခေါင်းဆိုတာဟာ ခနွာကိုယ်မှာ သွေးကြောတွေလွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းကို နည်းနည်းလေးဖြစ်ဖြစ် ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် သွေးထွက်နိုင်ပါတယ်။ တကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin, aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီးအဖြစ်များလေ့ရှိပါတယ်။ အဲဒီလို အခြေအနေမှာ နည်းနည်းလေး ထိခိုက်မိတောင်မှ သွေးထွက်ခြင်း က ဖြစ်ပေါ်လာနိုင်ပါတယ်။ 

 

နှာခေါင်းသွေးယိုခြင်းဖြစ်ပွားနှုန်းဟာ အေးတဲ့ဆောင်းလရာသီ တွေမှာ ပိုများပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်နေတဲ့ အခြေအနေမှာ ပိုအဖြစ်များ ပါတယ်။ နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အချက်တွေ -

• ပိုးဝင်ခြင်း 
• ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိခိုက်မိခြင်း
• ယားယံခြင်းနှင့် ယားယံခြင်းမရှိသော နှာမွှန်ခြင်း နှာရည်ယိုခြင်း
• သွေးပေါင်ချိန်များခြင်း
• သွေးကိုကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း
• အရက်အလွန်အကျွံသောက်သုံးခြင်း
• တစ်ခြားရှားပါးတဲ့ အချက်တွေကတော့ ကျူမာတွေနဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေပဲဖြစ်ပါတယ်။

 

နှာခေါင်းသွေးလျှံလျှင် ဘာလုပ်ရမလဲ
နှာခေါင်းသွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့။ စိတ်ငြိမ်ငြိမ်ထားပါ။ ပထမဆုံးထိုင်လိုက်ပါ။ ပြီးရင် အရှေ့ဘက်သို့ ခနွာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ။ သင့်ရဲ့ဦးနှောက်ဟာ သင့်နှလုံးရဲ့အထက်မှာ ရှိနေပြီးက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ်။ အရှေ့ဘက်ကိုယိုင်လိုက် ခြင်းအားဖြင့် နှာခေါင်းထဲကသွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခေါင်းထဲက ထွက်သွားစေပါတယ်။ အကယ်၍ သင့်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာသွေးတွေကို မျိုချမှာပဲ။ ဒါဆိုရင်တော့ ပျို့တာတွေ၊ အန်တာတွေ၊ ဝမ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။ 

 

သင့်ရဲ့လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကိုဖြည့်ညှင်းစွာ ညှစ်ထုတ်ပစ်ပါ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနှင့်မာကျောပြီး အရိုးပုံစံရှိတဲ့နေရာ ကြားထဲမှာပါပဲ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်သည်အထိ ကိုင်ထားပါ။ အနည်းဆုံး ငါးမိနစ်လောက်ပေါ့။ သွေးတွေဆက်ထွက် နေတုန်းပဲဆိုရင်တော့ နောက်ထပ် ဆယ်မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ။ ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ်။ သွေးထွက်တာ ရပ်သွားပြီဆိုရင်တော့ ရှောင်ပါ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း၊ အရှေ့ဘက်ကို ခနွာကိုယ်ကို ဆက်ယိုင်နေခြင်းတို့ပဲ ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံခြင်းမဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ။

 

၁။ အိမ်သို့ပြန်ပြီး အနားယူပါ။ ဦးနှောက်ကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ။ 


၂။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့။


၃။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကို ဟထားပါ။ ဒါဆိုရင် လေတွေက နှာခေါင်းထဲကနေမထွက်ဘဲပါးစပ်ကနေထွက်သွားမှာ ဖြစ်ပါတယ်။


၄။ ဝမ်းချုပ်မခံပါနှင့် (ဝမ်းချုပ်လို့ ညှစ်ရတဲ့အခါ ဝမ်းဗိုက်အတွင်း ဖိအားတက်လာတဲ့အခါ သွေးတွေကိုညှစ်ထားသလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ။


၅။ သင့်ရဲ့ဦးနှောက်ကို နှလုံးရဲ့အထက်မှာ ရှိနေပါစေ။


၆။ ဆေးလိပ် လုံးဝမသောက်ပါနဲ့။


၇။ ၂၄ နာရီအတွင်း ပူလွန်းတဲ့အရည်တွေမသောက်ပါနှင့်။ အေးသော၊ ပျော့သောအစာများသာ စားပါ။ 


၈။ Aspirin, Ibuprofen, Clopidogrel Bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ။ ဆရာဝန်တွေက ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကိုဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့်မရပ်သင့် အကြံဉာဏ်တောင်းပါ။


၉။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ၊လက်ညိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ။ 


၁၀။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်နဲ့ ကုသမှုကို စနစ်တကျ ခံယူပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာကျော်မင်းဦး
Health for all magazine, December 2013,Pg. 120-121



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18