အစာနင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း
27-Feb-2017
အစာနင်ခြင်းကြောင့် ရုတ်တရက်အသက်ရှူရပ်သွားခြင်းသည်ဖြစ်လေ့ဖြစ်ထရှိပြီး အသက်ကိုပင် အန္တရာယ်ပြုနိုင်သော အခြေအနေတစ်ခု
ဖြစ်ပါသည်။ အစာနင်သော သူကိုတွေ့ရပါက အောက်ပါနည်းအတိုင်း အရေးပေါ်ကယ်ဆယ်နိုင်ပါသည်။ အစာနင်နေသောသူ၏ နောက်မှရပ်ပါ။ နံရိုးနှင့်ချက်ကြား တစ်ဝက်ခန့်နေရာတွင် လက်သီးဆုပ်၍ လက်သီးပေါ်ကိုကျန်လက်တစ်ဘက်ဖြင့် အုပ် ထားပါ။ ထိုလက်သီးဆုပ်ကို အခြားလက်တစ်ဘက်ဖြင့် ကိုင်ပြီး အနောက်မှသိုင်းဖက်သော ၎င်းအနေအထားအတိုင်း အပေါ်သို့ ဆောင့်တွန်းလိုက်ပါ။ ထိုသို့ ရုတ်တရက် ခပ်ကြမ်းကြမ်းဆောင့်တွန်း လိုက်ခြင်းကြောင့် နင်နေသော အစာမှာ ပြုတ်ထွက်လာပါလိမ့်မည်။ ၎င်းကို Heimlich Maneuver ဟု ခေါ်သည်။
တစ်ကြိမ်တည်းဖြင့် မအောင်မြင်ပါက အကြိမ်ကြိမ်ကြိုးစားပါ။ သင်တစ်ဦးတည်း ရှိနေချိန် သင်ကိုယ်တိုင် အစာနင်ပါကလည်း ကိုယ့်လက်သီးဆုပ်ဖြင့်ကိုယ် ဤကဲ့သို့ ကြည့်နိုင်ပြီး ခုံတစ်လုံးပေါ်သို့ ရုတ်တရက်မှောက်ချခြင်း နည်းလမ်းဖြင့်လည်း ကြိုးစားကြည့်နိုင်ပါသည်။ ထိုအချိန်တွင် မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိအစာထွက်အောင် ပြု လုပ်ပေးနေသော လူနာတွင်ဖြစ်စေ အသက်ရှူကျပ်ခြင်း၊ ရှူရခက်ခဲခြင်းများဖြစ်ပါက ဆေးရုံသို့ အမြန်သွားရောက်နိုင်ရန် ကြိုးစားပါ။
ကလေးငယ်များကို အစာနင်ခြင်းမှကင်းဝေးစေရန် သကြားလုံး အလုံးလိုက်ကျွေးခြင်း၊ မြေပဲစေ့ကျွေးခြင်း၊ သေးငယ်သောအစိတ်အပိုင်းများပါသည့် ကစားစရာများဖြင့် ကစားခိုင်းခြင်းတို့ကို ရှောင်ကြဉ်ရပါမည်။ ကလေးငယ်များတွင် အစာနင်ပါကဆေးရုံသို့ အမြန်ပို့ဆောင်ပေးသင့်သည်။ သို့မှသာ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
