Print

မူးမေ့ခြင်း

  27-Feb-2017
Preview Image

ဦးနှောက်အတွင်းသို့ သွေးရောက်ရှိမှု နည်းပါးသွားခြင်းကြောင့် အောက်စီဂျင်ပြတ်လတ်သွား၍ ခေတ္တခဏ မေ့သွားခြင်းကိုခေါ်ပါသည်။ သွေးလန့်ခြင်းနှင့်မတူပဲ ဦးနှောက်တွင်းသို့ သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့် ရုတ်ရက်ဖြစ်ပေါ်လာသော လက္ခဏာစုကို ခေါ်ပါသည်။

 

ဖြစ်စေတတ်သောအကြောင်းအရင်းများ
• နာကျင်ခြင်း
• ကြောက်ရွံ့ခြင်း
• စိတ်ဖိစီးမှုပြင်းထန်ခြင်း
• အချိန်ကြာမြင့်စွာအစာရေစာပြတ်လပ်ခြင်း
• အချိန်ကြာမြင့်စွာ ရပ်နေရခြင်း
• မောပန်းနွမ်းနယ်ခြင်း
• လှောင်သောအခန်းအတွင်း ကြာရှည်စွာနေထိုင်ရခြင်း
• သွေးပေါင်ချိန်ကျခြင်း
• ဦးနှောက်သို့သွေးအရောက်နည်းခြင်း

 

လက္ခဏာများ
• မူးဝေလဲကျခြင်း
• အသားအရေ ဖြူဖွေးဖျော ့လာခြင်း၊ အေးစက်၍ ချွေးစေးများ ထွက်လာခြင်း
• မအီမသာဖြစ်ခြင်း
• ခြေဖျားလက်ဖျားများ အေးစက်ထုံကျင်လာခြင်း
• သွေးခုန်နှုန်း နည်းလာခြင်း
• မူးဝေလဲကျခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများနှင့် ထိခိုက်မိ၍ နောက်ဆက်တွဲ ဒဏ်ရာများရရှိနိုင်ခြင်း

 

ပြုစုနည်း

• လူနာကိုရေပြင်ညီအတိုင်း သက်တောင့်သက်သာ လဲလျောင်းပေးပါက ဦးနှောက်သို့သွေးပုံမှန် ပြန်လည်ရောက်ရှိသွားပြီး ပြုစုစရာမလိုဘဲ ပြန်ကောင်းသွားမည် ဖြစ်ပါသည်။
• ဦးခေါင်းပိုင်းကို နှိမ့်၍ ခြေထောက်ပိုင်းကို မြှင့်ထားပါ။
• တင်းကျပ်သောအဝတ်အစားများကို ဖြေလျော့ပေးပါ။
• လေကောင်းလေသန့် ရရှိစေရန်ဆောင်ရွက်ပါ။
• အခြေအနေဆိုးရွားလာပါက ဆေးရုံသို့ပို့ပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နုတ်ထားပါသည်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18