Print

အတွင်းသွေးယိုစီးခြင်း

  27-Feb-2017
Preview Image

ခန္ဓာကိုယ်တွင်း 
အတွင်းသွေးယိုစီးခြင်းဖြစ်ပါက အောက်ပါအခြေအနေနှစ်ရပ် တွေ့မြင်နိုင်ပါသည်။

 

(က) မြင်နိုင်သော အတွင်းသွေးယိုစီးခြင်း

• အဆုတ်မှသွေးများ ဟပ်ထုတ်လိုက်ခြင်းသည် နီရဲပြီး အမြုပ်များသည်။
• အစာအိမ်မှသွေးများ အန်ထုတ်ခြင်းသည် ကော်ဖီရောင် (သို့) ညိုပုပ်သော အရောင်ရှိသည်။ အူသိမ်များမှ ထွက်သောသွေးသည် အစာဟောင်းများဖြင့် ရောနှော၍ ကတ္တရာစေးကဲ့သို့ မဲနက်သော အရောင်ရှိသည့် ကျင်ကြီးများ ပါတတ်သည်။
• အူမကြီးမှ ထွက်သောသွေးသည် နဂိုအရောင်ရှိတတ်သည်။
• ကျောက်ကပ်မှ ဆီးနှင့်ရောထွက်သောသွေးသည် အနီရောင်ရှိပြီး ဆီးသွားတိုင်း ကျောက်ကပ်ရှိသော နေရာတွင် နာတတ်သည်။
• ဆီးအိမ်မှထွက်သောသွေးသည် ဆီးနှင့်သွေးရောလျက် ဆီးသွားရာတွင် အခက်အခဲတွေ့သည်။

 

မမြင်နိုင်သော အတွင်းသွေးယိုစီးခြင်း
ဦးခေါင်း၊ သရက်ရွက်၊ အသည်းတို့မှ သွေးယိုစီးခြင်းဖြစ်ပါက အပြင်ဘက်သို့ မထွက်သောကြောင့် အန္တရာယ်ရှိနိုင်ပါသည်။

 

သွေးယိုစီးခြင်းဖြစ်သောလူနာ၏လက္ခဏာများ
သွေးယိုစီးခြင်းဖြစ်သောလူနာများတွင် တွေ့ရမည့် လက္ခဏာများမှာ -

မူးဝေခြင်း၊ အော့အန်ခြင်း၊ နှုတ်ခမ်းနှင့် အသားအရေများ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ပြာနှမ်းခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အသားအရေအေးစက်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း ၊ သွေးတိုး အားပျော့ခြင်း၊ ရေငတ်ခြင်း၊ သတိလစ်ခြင်း၊ သွေးယိုသည့်နေရာများတွင် သွေးခြေဥခြင်း၊ ပုံသဏ္ဍာန်ပြောင်းခြင်းတို့ကို တွေ့ရမည်ဖြစ်ပါသည်။

 

အပြင်သွေးယိုစီးခြင်းဖြစ်သောလူနာကိုပြုစုခြင်း

၁။ ရှေးဦးပြုစုသူအနေဖြင့် အပြန်အလှန်ရောဂါကူးစက်မှု မရှိစေရန်အတွက် လက်အိတ်ဝတ်ဆင်ပြီး ပြုစုပါ။

 

၂။ သွေးယိုစီးခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် တိုက်ရိုက်ဖိနှိပ်နည်း (Direct Pressure Method) ကို သုံးပါ။

(က) ဒဏ်ရာအတွင်းသို့ စိုက်ဝင်နေသောအရာရှိ မရှိကိုကြည့်ပါ။
(ခ) ဒဏ်ရာပေါ်သို့ ဆေးထည့်ပိတ်စ (သို့) သန့်ရှင်းသောအဝတ်စတင်ပြီး (၁၀) မိနစ်ခန့် တိုက်ရိုက်ဖိနှိပ်ထားပါ။
(ဂ) ဒဏ်ရာအစိတ်အပိုင်းကို မြှင့်တင်ထားပါ။
(ဃ) ဆေးထည့်ပိတ်ပါးစပေါ်တွင် တိုက်ရိုက်ဖိနှိပ်ခြင်းဖြင့် ပတ်တီးစည်းပါ

 

(၃) သွေးစီးဆင်းမှုလျော့နည်းစေရန်နှင့် သွေးဆုတ်သွေးလန့်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် လူနာကို လဲလျောင်းထားပါ။

 

(၄) ဒဏ်ရာမှ သွေးဆက်လက်ထွက်နေပါက ပထမစည်းထားသော ပိတ်စကိုလုံးဝ ဖယ်ရှားခြင်းမပြုပဲ ၎င်းအပေါ်တွင် ပိတ်ပါးစထပ်တင်ပြီး ပတ်တီးစည်းပါ။

 

(၅) ဒဏ်ရာအတွင်းတွင် စိုက်ဝင်နေသော အရာများရှိပါက ကရွတ််ခွေခံ၍လည်းကောင်း၊ စိုက်ဝင်နေသော အရာဝတ္တု၏ ဘေးတစ်ဖက်တစ်ချက်တွင် အဝတ်ခေါက်ထူထူခံ၍ ပတ်တီးစည်းပါ။

 

အတွင်းသွေးယိုစီးခြင်းဖြစ်သောလူနာကို ပြုစုခြင်း
၁။ အဆုတ်နှင့် နှလုံးသို့ သွေးလှည့်ပတ်မှု ရှိစေရန်အတွက် အလွန်အရေးကြီးပါသည်။
၂။ လူနာကို လုံးဝငြိမ်သက်စွာ ပက်လက်လဲထားပါ။
၃။ တင်းကြပ်သောအဝတ်အစားများကို လျှော့ပြီး အားပေးစကားပြောပါ။
၄။ အတွင်းသွေးယိုစီးခြင်းဖြစ်သော လူနာများသည် သွေးဆုတ်သွေးလန့်ခြင်းဖြစ်ပြီး၊ အရေပြားဖြူဖျော့ကာ ကယောင်ကတမ်းဖြစ်လာမည်။ ရေငတ်ပါသည်။ ရေလုံးဝ မတိုက်ပါနှင့်။ အစားအစာပေးခြင်းမှ ရှောင်ကြဉ်ပါ။
၅။ ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ရေနွေးအိတ်၊ ရေနွေးပုလင်းများ မတင်ရ။
၇။ အတွင်းသွေးယိုစီးခြင်းဖြစ်သည့်နေရာ၊ သွေးပမာဏ၊ သွေးနမူနာများကို မှတ်သားပါ။
၈။ လူနာကို လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင် ပြုစုရမည်ဖြစ်သလို အညင်သာဆုံးကိုင်၍ ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပါ။

 

ရှောင်ရန်အချက်များ
၁။ သွေးထိန်းစည်နှောင်ကြိုး (Tourniquet) မသုံးရ။
၂။ ရေနွေးအိတ်မသုံးရ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှ ကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18