သတ္တဝါများ ကိုက်ခြင်း၊ ပိုးမွှားများ တုပ်ခြင်း
27-Feb-2017၁။ ကြောင်ကိုက်ခြင်း
ကြောင်ကိုက်သောဒဏ်ရာသည် ခွေးကိုက်သောဒဏ်ရာထက် ပို၍ယဉ်းလွယ်သည်။ ကြောင်ကိုက်သောကြောင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်သည်။ ထို့ကြောင့်ကြောင်ကိုက်သော်လည်း ခွေးရူးပြန် ကာကွယ်ဆေး ထိုးရန်လိုအပ်ပါသည်။
ပြုစုခြင်း
- ကြောင်ကိုက်သော ဒဏ်ရာကို ခွေးကိုက်သောဒဏ်ရာပြုစုသကဲ့သို့ ပြုစုပါ။
၂။ ပျားတုပ်ခြင်း
ပျားအကောင်များစွာ အတုပ်ခံရပါက အသက်ရှူခက်ခဲပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။
ပြုစုခြင်း
- ဒဏ်ရာတွင် ကျန်ရှိသောအစွယ်ကို ရှေးဦးစွာဖယ်ရှားပါ။ ညှစ်၍ မထုတ်ပါနှင့်။ အဆိပ်ပြန့်မြန်သည်။
- ဒဏ်ရာပေါ်တွင် ရေအေး (သို့) ရေအေးဆွတ်ထားသော အဝတ်ဖြင့်အုပ်ပါ။
- ဒဏ်ရာကို မသန့်ရှင်းသော လက်ဖြင့်ကုတ်လျှင် အနာယဉ်းခြင်း၊ ပိုးမွှားဝင်ခြင်းဖြစ်နိုင်၍ မကုတ်မိစေရန် လူနာကို သတိပေးပါ။
- အသက်ရှူခက်ခဲလာပါက CPR ပြုလုပ်ပါ။
- ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
၃။ ကင်း၊ ပင့်ကူကိုက်ခြင်းကို ပြုစုခြင်း
- ကိုက်မိသောဒဏ်ရာ အစိတ်အပိုင်းကို ငြိမ်သက်စွာထားပါ။
- ဒဏ်ရာပေါ်သို့ ရေခဲ (သို့) ရေအေးဆွတ်ထားသော အဝတ်ကိုတင်ပါ။
- လူနာကို အရက်မတိုက်ပါနှင့်။
- ဆေးရုံ၊ ဆေးခန်းသို့ပို့ပါ။
၄။ ပင်လယ်ခူထိမိခြင်းကိုပြုစုခြင်း
- ထိမိသောနေရာကို ပင်လယ်ရေ (သို့) ဆားငန် ရေအေးဖြင့် စင်ကြယ်အောင် ချက်ချင်းဆေးကြောပါ။
- ပေါင်ဒါမှုန့်ဖြူး၍ အဆိပ်များကို ဖယ်ရှားပါ။
- ရေနွေးတွင်စိမ်ပေးပါ။
- ဆေးရုံ၊ ဆေးပေးခန်းသို့ ပို့ဆောင်ပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အခြေခံရှေးဦးပြုစုခြင်း လက်စွဲစာအုပ်မှကောက်နုတ်ထားပါသည်။