Print

ဝက်ရူးပြန်ခြင်း

  27-Feb-2017
Preview Image

ရုတ်တရက်သတိမေ့လဲကျ ခြေလက်တုန်၊ ပါးစပ်က အမြှုပ်ထွက် တက်ခြင်းမှာ နမူနာပုံစံအားဖြင့် အဆင့် ၄ ဆင့်ရှိသည်။ ပထမအဆင့်မှာ ရရှိချင်မှရှိမည်။

 

၁။ အကြိုအတက်အဆင့် (Aura)

တက်တော့မည်ဆိုလျှင် စက္ကန့်အနည်းငယ်မှ ၁ မိနစ်၊ ၂ မိနစ်ကြာအောင် လူမှာ သူ့အလိုလို ပြောင်းလဲလာသည်။ 

(က) မျက်စိထဲမှာ အရောင်တောက်ခြင်း၊ မမြင်ရခြင်း (Visual Aura)
(ခ) နှာခေါင်းမှ အနံ့ရခြင်း (Olfactory Aura)
(ဂ) နားမှ အသံတွေကြားရခြင်း (Acoustic Aura)

 

အချို့ပုဂ္ဂိုလ်များမှာ စကားပြောသူမရှိလဲ ကြားနေရသည်။ လူတစ်ယောက်၏ ရှေးဖြစ်ကိုပြောသည်။ အနာဂါတ်ကို ပြောသည်။ ကြို၍ဖြစ်မည် ဆိုသည်များကို ကြားနေရသည်။ ဤသည်မှာ နားထင်လုံး (Temporal Lobe) မှာ ရောဂါဖြစ်သဖြင့် ဖြစ်သည်။ နားထင်လုံး ဝက်ရူးပြန် (Temporal Lobe Epilepsy) မှာ ပိုဖြစ်တတ်သည်။ ဘာသာရေးခေါင်းဆောင်တစ်ချို့မှာ ဤရောဂါရှိသည်ဟု ခေတ်သစ်အာရုံကြော ပညာရှင်များက ပြောကြသည်။ 

 

(၂) အတက်အဆင့် (Tonic Phase)

သတိမေ့လဲကျ၍ တစ်ကိုယ်လုံးတောင့်တင်းသွား၍ ခြေလက်တွေ တုန်သည်။ ရှုံသည်။ ပါးစပ်စေ့သည်။ မေးရိုးတင်းသည်။ ပါးစပ်မှ တံတွေးထွက်သည်။ အမြှုပ်ထွက်သည်။ လျှာကိုကိုက်မိနိုင်သည်။ အသက်ရှူရပ်သည်။ အသံကြိုးတင်းသည်။ မျက်နှာပြာနိုင်သည် (Cyanosis)။ လဲကျသံ၊ အော်သံကို အခြားသူများကြားနိုင်သည်။

 

၃။ ခြေလက်ဆက်တုန်ခြင်းအဆင့် (Clonic phase)

ခြေလက်များတင်းရာမှလျော့၊ နောက်ဆက်တက်၍၊ ရပ်မရ။ မျက်နှာပြာခြင်း၊ လျှာကိုက်မိခြင်း၊ ဆီးအလိုလိုထွက်ခြင်းများ ဖြစ်နိုင်သည်။

 

၄။ သတိမေ့မျောခြင်းအဆင့် (Coma)

ကိုယ်တင်းခြင်း၊ ခြေလက်ရှုံးခြင်း၊ တုန်ခြင်းများ ပျောက်၍ လူနာမှာပျော့သွား၊ မေ့သွားသည်။ အသက်ရှူလမ်းကြောင်း မပိတ်က ပြန်အသက်ရှူသည်။ ယခင်က ခြေလက် ကြွက်သားများ တုန်သလောက်၊ ရှုံသလောက် အချိန်ကြာသည်။ 

 

၅။ သတိပြန်ရသောအဆင့် (Recovery Phase)

မိမိသတိပြရန်ရသည်။ ဘာဖြစ်ခဲ့မှန်းတော့မသိ၊ စိတ်မတည်ငြိမ်၊ ခေါင်းကိုက်သည်။ စိတ်အလုပ်၊ ဦးနှောက်အလုပ် သိပ်မမှန်နိုင်၊ လေလံထှိုင်းမှိုင်းသည်။ လျှာကိုက်မိ၍ နာကျင်ခြင်းဖြစ်နိုင်သည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမောင်မောင်ညို
လူတိုင်းအတွက်ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18