Print

အသက်ရှူ ကျပ်ခြင်း

  27-Feb-2017
Preview Image

အသက်ရှူကျပ်သည့် ဝေဒနာမှာ ခံစားရခက်သော ဝေဒနာတစ်ခုဖြစ်သည့်အပြင် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတစ်ရပ်ကို ဖော်ညွှန်းနေသည်။ အသက်ရှူကျပ်ခြင်းကို ဖြစ်စေသည့် ကြောင်းရင်းဇာစ်မြစ်များကို ဗဟုသုတအဖြစ်ဖော်ပြပေးထားပါသည်။ 

 

• အဆုတ်သွေးလည်ပတ်အဖွဲ့၌ သွေးပမာဏ (ရေ/ ရှည်) များလွန်းခြင်း ရုတ်တရက်ဖြစ်ပေါ်မှု။


• ရုတ်တရက် ပြင်းထန်စွာဖြစ်သော ရင်ကျပ်ပန်းနာဝေဒနာ။


• နာတာရှည်အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုရောဂါ၏ ရုတ်တရက်အခြေအနေ ဆိုးလာခြင်း။


• အဆုတ်ဖုံးနှစ်လွှာကြား လေဝင်ခြင်း။


• အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ)။


• ရုတ်တရက် အသက်ရှူခက်ခဲသော လက္ခဏာစု (Acute Respiratory Distress Syndrome)။


• တစ်စုံတစ်ခုသောပစ္စည်း အသက်ရှူလမ်းကြောင်းအတွင်း ကျသွားခြင်းနှင့် ပိတ်ဆို့ခြင်း။


• အဆုတ်သေးကျုံ့သွားခြင်း။


• လေအိုး၊ လေပြွန်ဖောရောင်ခြင်း (ဓာတ်မတည့်မှုပြဿ နာ)။


• နာတာရှည် နှလုံးလုပ်ငန်း ပျက်ယွင်းခြင်း။


• နှလုံးကြွက်သား ပျက်ယွင်းခြင်း။


• အဆုတ်နှင့်လေပြွန်ကင်ဆာ။


• အဆုတ်ရောဂါများ။


• အဆုတ်ဖုံးမြှေးနှစ်လွှာကြား ရေဝင်ခြင်း။


• သွေး၌ အက်စစ်ဓာတ် လွန်ကဲခြင်း (သွေးချိုဆီးချိုရောဂါ)။


• အဆုတ်အတွင်း လေဝင်လေထွက်ပမာဏ လွန်ကဲခြင်း။


• ဆိုးရွားပြင်းထန်သော သွေးအားနည်းခြင်း။


• အဝလွန်ကဲခြင်း။

 

အသက်ရှူကျပ်သည့် ဝေဒနာခံစားရပါက ဆေးပညာရှင် ဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူရပါမည်။ ပေါ့ပေါ့ဆဆနေခြင်းသည် အသက်အန္တရာယ် ဖြစ်စေနိုင်ပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit:
ဒေါက်တာအေးကျော်
ကျန်းမာရေးသတင်းနှင့် ဗဟုသုတများ စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18