ခန္ဓာကိုယ် အင်တီအောက်ဆီဒင့်
01-Mar-2017
အသက်အရွယ် ရလာတာနဲ့ ဇရာရဲ့ အရေးအကြောင်းများ၊ အထိမ်းအမှတ်ရောဂါ များဖြစ်တဲ့ OA ခေါ် ရိုးဆက်ရောင်ရောဂါ (ဒူးနာတာ၊ ခြေနာတာ) သွေးတိုးတာ၊ ဆီးချိုရောဂါ ဖြစ်တတ်တာ၊ နှလုံးရောဂါ ဖြစ်လွယ်တာတွေ ကြုံကြရတတ်ပါတယ်။ ထိုင်ခက်၊ ထခက်၊ စိတ်သွားတိုင်း ကိုယ်မပါတတ်တော့ပါဘူး။ ဒါတွေဟာ အိုမင်းခြင်းဖြစ်စဉ် (Ageing process) ရဲ့ ဒဏ်ရာဒဏ်ချက် များပဲဖြစ်ပါတယ်။ ဒီအိုမင်းခြင်းဖြစ်စဉ်ရဲ့ အဓိကအခြေခံအကြောင်းတွေထဲမှာ (Oxidation process) လို့ခေါ်တဲ့ ဆဲလ်များရဲ့ ဓာတ်တိုးဖြစ်စဉ်က ထိပ်ဆုံးမှာပါဝင်နေပါတယ်။ ဖြစ်စဉ်ကနေ ဆဲလ်တွေကို ထိခိုက်စေမှု၊ ယိုယွင်းလာစေမှုတို့ကို ဖြစ်လာစေပါတယ်။ အိုမင်းမှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ပါတယ်။
သက်ရှည်ကျန်းမာမှု၊ အိုမင်းလာသော်လည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် သွားလာလှုပ်ရှားနိုင်ဖို့တွေအတွက် Antioxidants ခေါ် ဓာတ်တိုးဆန့်ကျင် ဓာတ်များလိုအပ်ပါတယ်။ Vitamin A,C,E, Betacarotene, Flavonoids စတဲ့ Phytochemicals ခေါ် သဘာဝသစ်သီးများမှ ရရှိတဲ့ ဓာတ်များဖြစ်ပါတယ်။ ဒီဓာတ်များကို သဘာဝသီးနှံများ သာမက ဆေးဝါးအဖြစ်နှင့်ပါ သုံးဆောင်နိုင်ပါတယ်။ လူတိုင်းကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာသက်ရှည်ရေးအတွက် သာမက Productivity ခေါ် စွမ်းအားကောင်းတဲ့အသုံးဝင်တဲ့လူ့အရင်းအမြစ်တွေပါ ဖန်တီး
နိုင်ပါတယ်။
၁။ လေ့ကျင့်ခန်းများကို မိမိနဲ့သင့်တော်ရာ ဖြေးဖြေးမှန်မှန် လုပ်ရပါမယ်။ အားစိုက်မှုကို တဖြည်းဖြည်းတိုးသွားနိုင်ပါတယ်။
၂။ လမ်းလျှောက်၊ ဖော့ဖော့ပြေး၊ ရိုးရာကစားနည်း တစ်ခုခုကိုလုပ်နိုင်ပါတယ်။ စက်ဘီးစီး၊ အလေးမ စသည်တို့ကိုလည်း လုပ်နိုင်ပါတယ်။
၃။ တစ်နာရီ ၄ ကီလိုမီတာမှ ၅ ကီလိုမီတာ (၂.၅ မိုင်မှ ၃ မိုင်နှုန်း) ဖြင့် လမ်းလျှောက်ခြင်းသည် လူအများစုအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၂၀ ခန့် (တစ်ပတ်သုံးရက်ခန့်) ပုံမှန်လမ်းလျှောက်ခြင်းကို လုပ်နိုင်ပါတယ်။
၄။ မည့်သည့်လေ့ကျင့်ခန်းကို လုပ်သည်ဖြစ်စေ ပုံမှန်လုပ်နိုင်ရန် ဖြစ်ပါတယ်။ မြဲမြန်မှုဖြင့် မှန်မှန်ဆောင်ရွက်နိုင်မှ ကိုယ်အလေးချိန်လည်းမှန်၊ Overall health ကျန်းမာရေးရာများ အားလုံးအတွက်ပါ အကျိုးပြုနိုင်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက Internal Antioxidants ကိုယ်တွင်းမှ antioxidants များကိုပါ ထုတ်ပေးနိုင်တာဖြစ်ပါတယ်။
Credit:
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
Health for all magazine, November 2013
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
