Hypoglycaemia ( သွေးတွင်းသကြားဓာတ်နည်းခြင်း)
20-Jul-2017လက္ခဏာများ
- ချွေးထွက်ခြင်း
- ခြေလက်တုန်ခြင်း
- ဗိုက်ဆာလာခြင်း
- စိတ်ပင်ပန်းခြင်း
- လမ်းလျှောက်ရခက်ခြင်း
- အားနည်းခြင်း
- အမြင်မကြည်လင်ခြင်း
- စိတ်ဇဝေဇဝါဖြစ်ခြင်း
- အပြုအမူပြောင်းလဲခြင်း
- သတိမေ့ခြင်း
ကုသမှု
၁) ချက်ချင်းအချိုစားပါ။ ဥပမာ သကြားလုံး ၆-၈ ခုလောက်ကို သစ်သီးဖျော်ရည်မှာ ထည့်ဖျော်သောက်ပါ။
၂) ယင်းထက်သက်သာပါက ချိုချဉ်သကြားလုံးစုပ်ပါ။
၃) ပြီးလျှင် အစာ/ ထမင်းစားပါ။
၄) ၁၅ - မိနစ်ခန့်နားပြီးထပ်၍ အချိုစားပါ။ ပေါင်မုန့် ၊ ဘီစကွတ် ၊ ဆင်းဒဝစ်ချ်(အသားညှပ်ပေါင်မုန့်)
၅) Glucagon ရှိပါက အသားထဲထိုးပါ။ (1mg လူကြီး ၊ 1/2mg ကလေး )
၆) အားလုံးကောင်းသွားပါက ဆရာဝန်နှင့် တိုင်ပင်ပါ။
၇) မိမိဘာသာမလုပ်တတ်ပါက ဆရာဝန်နှင့်ချက်ချင်းပြပါ။
Credit: Dr. မောင်မောင်ညို
By DR. May Hnin Phyu (7887 healthcare Call Center)