အဆုတ်သွေးကြောပိတ်ခြင်း( Pulmonary Embolism)
13-Aug-2017
နှလုံးမှ အဆုတ်သို ့သွေးသယ်ပို ့ပေးသော သွေးလွှတ်ကြောပိတ်ခြင်းဖြစ်ပါတယ်။ သွေးခဲဖြင့်ပိတ်ခြင်းမှာ အဖြစ်များသည်။ ပိတ်သွားပါက ထိုသွေးကြောထောက်ပံ့သည့် အဆုတ်၏ အစိတ်အပိုင်းတစ်ခုခုဆီသို ့ သွေးစီးဆင်းမှုပြတ်တောက်ပြီး အသက်အန္တရာယ်ရှိသည့် အထိဖြစ်နိုင်ပါတယ်။ အဆုတ်သွေးကြောပိတ်ခြင်း၏ လက္ခဏာများမှာတစ်ခါတစ်ရံခွဲရခက်တတ်ပါတယ်။တစ်ယောက်နဲ ့တစ်ယောက် မတူနိုင်ပါဘူး။
အဖြစ်များတဲ့ လက္ခဏာများကတော့-
၁။ရင်ဘတ်အောင့်ခြင်း (အသက်ရှူလိုက်သည့် အချိန်တွင် ရင်ဘတ်စူး၍ အောင့်ခြင်း)
၂။အသက်ရှူကျပ်ခြင်း
၃။ချောင်းဆိုးခြင်း (ချောင်းဆိုးသွေးပါခြင်းများလည်း ဖြစ်နိုင်ပါတယ်)
၄။ခေါင်းမူးခြင်း၊ ဖျော့တော့ မူးမေ့ခြင်းများဖြစ်နိုင်ပါသည်။
အဓိကဖြစ်စေသည့် အကြောင်းအရင်းမှာ (DVT- Deep vein thrombosis)
ဟုခေါ်သော ခြေထောက်သွေးပြန်ကြောများပိတ်ပြီး ပြုတ်ထွက်လာသော သွေးခဲသည် နှလုံးနှင့် အဆုတ်သွေးကြောများတွင် ပိတ်ဆို ့ခြင်းကြောင့်ဖြစ်သည်။ ခြေထောက်သွေးပြန်ကြောပိတ်ပါက ဖြစ်သည့်ခြေထောက်၊ အထူးသဖြင့် ခြေသလုံးတွင် နာကျင်ခြင်း၊ နီပြီး ရောင်ရမ်းလာခြင်း ဖြစ်တတ်ပါတယ်။
ခြေထောက်သွေးပြန်ကြောပိတ်ခြင်းသည် နာတာရှည်ရောဂါသည်များ
(ကင်ဆာ၊နှလုံးပျက်စီးခြင်း)၊လှုပ်ရှားမှုနည်းခြင်း( ထိခိုက်ဒဏ်ရာရပြီး
အိပ်ရာထဲလဲနေသူများ၊ လေဖြတ်ထားသူများ၊ ခွဲစိတ်ထားသူများ)၊ သွေးရောဂါရှိသူများ၊ အဝလွန်သူများ၊ ဟော်မုန်းဆေးသောက်နေရသူများ၊ အသက်အရွယ်ကြီးသူများတွင် ပို၍ဖြစ်နိုင်ပါတယ်။ ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းတို ့ဖြင့် သိနိုင်ပါတယ်။ကုသမှုမှာ သွေးကျဲဆေး ထိုးဆေး၊ သောက်ဆေးများပင်ဖြစ်သည်။ ဆရာဝန်ပေးသည့် သွေးကျဲဆေးများကို အချိန်မှန်မှန်၊ ပမာဏမှန်မှန် ညွှန်ကြားသည့် အတိုင်းသောက်ရန်အရေးကြီးဆုံးဖြစ်သည်။ သွေးကျဲဆေးများသည် နောက်ဆက်တွဲဆိုးကျိုးများသောကြောင့်ဖြစ်သည်။ ဆေးသောက်နေသည့်အချိန်တွင် အရက်သောက်ခြင်းကိုရှောင်ရမည်။ ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ သောက်ပါ။ ဆေးတစ်ခုခုသောက်မည်ဆိုလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပါ။ စပ်ဆေးများ၊ တိုင်းရင်းဆေးများကို မလိုအပ်ပဲသောက်ခြင်းမှ ရှောင်ကြဉ်ပါ။
ခြေထောက်သွေးပြန်ကြောပိတ်ခြင်းမှရှောင်ကြဉ်ရန်
ခရီးအကြာကြီးသွားရသည့် အခါမျိုးတွင် ခြေထောက်အကွေးအဆန် ့ တတ်နိုင်သလောက်လုပ်ပါ။ ဖြစ်နိုင်လျှင် လမ်းတိုထလျှောက်ခြင်းမျိုး ပြုလုပ်ပါ။ ခြေထောက်သွေးပြန်ကြောပိတ်ခြင်းမှ ကာကွယ်ရန်အထူးပြုလုပ်ထားသည့်ကျုံ ့ဆန် ့လုပ်နိုင်သော ခြေစွပ်များ( elastic compression stocking ) ကိုဝတ်ဆင်ပါ။ဆေးလိပ်ဖြတ်ပါ။ အဆီလျှော့စားပါ။ သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ ကိုယ်အလေးချိန်လျှော့ပါ။အဆုတ်သွေးကြောပိတ်ခြင်းသည် အချိ်န်မှီ မကုသနိုင်လျှင် အသက်အန္တရာယ်ရှိသောကြောင့် အထက်ပါလက္ခဏာများဖြစ်လာပါက ဆေးရုံဆေးခန်းသို ့ အချိန်မီရောက်ရန်အရေးကြီးပါတယ်။
Dr.Moon (7887 Healthcare Call Center)
Ref: NHS
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
