အစားအစာနှင့်ဓာတ်မတည့်ခြင်း
23-Sep-2017
မိမိကိုယ်ခံအားသည် စားသောက်မှုအပေါ် ပုံမမှန်တုံ့ပြန်ခြင်းကို ဓာတ်မတည့်ခြင်းဟု ခေါ်ပါသည်။ အမေရိကန်က အစားအသောက်ဓာတ်မတည့်ခြင်းကို လေ့လာကြည့်ရာ အမေရိကန် ၁၅ သန်းခန့် အစားအသောက်နှင့် ဓာတ်မတည့်ကြောင်းတွေ့ရသည်။အမေရိကန်ရှိ ကလေး ၁၃ ယောက်တွင် ၁ ယောက်မှာ အစားအစာနှင့် ဓာတ်မတည့်ခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။ အစားအသောက်နှင့် ဓာတ်မတည့်ခြင်းသည် အရေပြား၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် နှလုံးသွေးကြောကို ထိခိုက်စေသည်။
ဓာတ်မတည့်ခြင်းကို ဖြစ်စေသော အစားအစာများမှာ နွားနို့၊ ဥအမျိုးမျိုး၊ မြေပဲ၊ ငါး၊ ပင်လယ်စာ၊ ဂျုံ၊ ပဲ၊ သီဟိုဌ်စေ့၊ နို့နှင့် သစ်ကြားစေ့ကဲ့သို့သော အစေ့အဆန်များဖြစ်သည်။ ဓာတ်မတည့်သော ပုံမှန်လက္ခဏာများမှာ - နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ အဖုအပိန့်များ ထွက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်လေ့ရှိသည်။အလွန်ပြင်းထန်သော ဓာတ်မတည့်သည့် လက္ခဏာများမှာ - အသက်ရှူခက်ခဲခြင်း၊ အသက်ရှူသံ ပုံမှန်မဟုတ်ခြင်း၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်းရောင်ခြင်း၊ အင်ပြင်ထခြင်း၊ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ ပျို့အန်ခြင်းတို့ဖြစ်သည်။
ပြင်းထန်သော ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည့် လက္ခဏာများအတွက် မိမိနှင့် ဓာတ်မတည့်သော အစာကို သေချာမှတ်ထားပြီး ဓာတ်မတည့်သော လက္ခဏာထပ်မဖြစ်စေရန် နောက်တစ်ခါစားသောက်ခြင်မှ ရှောင်ရှားသင့်သည်။ ပြင်းထန်သော ဓာတ်မတည့်ခြင်းအတွက် သွေးများနှင့်၊ အရေပြားဓာတ်မတည့်မှုကို သေချာစိစစ်ပြီး ကုသမှုခံယူသင့်သည်။ ကုသမှုသည် မိမိခံစားရသော ဓာတ်မတည့်ခြင်းလက္ခဏာအပေါ် မူတည်၍ မတူညီသောကြောင့် နီးစပ်ရာ၊ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြီး ဆွေးနွေးတိုင်ပင် ကုသသင့်သည်။
Credit: Dr. Khine Chit Su
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
