FIRST AID KIT (ကျန်းမာရေးဆေးအိတ်)
27-Sep-2017
“First Aid Kit’’ ကို ဆောင်ထားပါက မိမိအိမ်၊ မိမိပတ်ဝန်းကျင်၊ မိမိလုပ်ငန်းခွင် ဒါမှမဟုတ် ခရီးသွားနေစဉ်မှာ မတော်တဆ ထိခိုက်ရှနာဖြစ်တာ၊ နာမကျန်းဖြစ်တာ စတဲ့ အရေးပေါ်အခြေအနေများအတွက် အသက်ကယ်ဆယ်နိုင်သည်အထိ အလွန်အသုံးဝင်ပါတယ်။
လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိစေဖိုု့ အရေးပေါ်ကုသရေးအတွက် မရှိမဖြစ်ဆောင်ထားသင့်သော ဆေးနှင့် ဆေးပစ္စည်းအမျိုးအစားအသစ်များ အပါအဝင် စုစုပေါင်း (၃၆) မျိုး အရေအတွက် (၁၂၃) ခု တို့ကိုု စနစ်တကျ ထပ်မံစီစဉ်ပြီး ပိုမိုစုံလင်ကောင်းမွန်အောင် ထည့်ပေးထားပါတယ်။
ဒါ့အပြင် ဒီအိတ်လေးရဲ့ ထူးခြားချက်တွေကတော့ အရေးပေါ်အခြေအနေမှာ ဆက်သွယ်နိုင်မယ့် အနီးဆုံးဆေးရုံဆေးခန်း၊ အောက်ဆီဂျင် ငှားရမ်းနိုင်တဲ့ နေရာ၊ လူနာတင်ယာဉ်၊ သွေးလှူအဖွဲ့အစည်းတွေ စသည်တိုု့ရဲ့ လိပ်စာများနှင့် ဖုန်းနံပါတ်များ သာမက ဆေးအိတ်အတွင်း ပစ္စည်းတွေကို စနစ်တကျ အသုံးပြုပုံ လမ်းညွှန်စာအုပ် နဲ့ ရှေးဦးသူနာပြုစုနည်းစာအုပ်များ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အရေးပေါ် ရှေးဦးသူနာပြုစုခြင်းကို သင်ကိုယ်တိုင်တောင် အလွယ်တကူ ပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။
ဒီလို သယ်ဆောင်ရလွယ်ကူပြီး ခိုင်ခံ့သပ်ရပ်တဲ့အိတ်လေးနဲ့ ထုပ်ပိုးထားတာမို့ ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ မိသားစုအတွက် အိမ်မှာ ဆောင်ထားရင်ပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ၊ ဟိုတယ်၊ စက်ရုံ၊ အဝေးပြေးကားများ စတဲ့ အဖွဲ့အစည်းများမှာ ဆောင်ထားချင် လို့ပဲ ဖြစ်ဖြစ်၊ လှူဒါန်းချင်လို့ပဲ ဖြစ်ဖြစ် တကယ့်ကို အသုံးဝင်လှတဲ့ First Aid Kit ကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။”
အော်ဒါ မှာယူလိုပါက -
ဖုန်းနံပါတ် 09-967 855 844, 01-664 527 သို့ ဖုန်းဆက်၍ ဖြစ်စေ၊ SMS ပို့၍ ဖြစ်စေ၊ Viber မှ ဖြစ်စေ မှာယူနိုင်ပါသည်။
မှာယူလိုသူများအတွက် ရန်ကုန်မြို့တွင်း Delivery အခမဲ့ပို့ပေးပြီး နယ်မှ မှာယူသူများအတွက် ကားဂိတ်ထိ ပို့ပေးမည် ဖြစ်ပါသည်။
အော်ဒါရရှိပြီး (၂) ရက် မှ (၃) ရက် အတွင်း ပို့ဆောင်ပေးပါမည်။
လက်လီလက်ကား ပြန်လည်ရောင်းချလိုသူများအတွက် အထူးစျေးနှုန်းဖြင့် ရရှိနိုင်ပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
