ခွေးရူးရောဂါအကြောင်းသိကောင်းစရာ
12-Oct-2017အမြင်အားဖြင့် ကျန်းမာဖွယ်ဟု ယူဆရသော ခွေးတစ်ကောင်မှာ ခွေးရူးရောဂါပိုးကို သယ်ဆောင်ထားသူ Carrier ဖြစ်နေနိုင်သောကြောင့် သတိကြီးစွာထားရန် လိုအပ်သည်။ အကိုက်ခံရပြီးနောက် ကုသပုံမှာ အကိုက်ခံရသော ဒဏ်ရာကို ကုသခြင်းနှင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်းတို့ ပါဝင်ပါသည်။ ကိုက်သွားသော တိရစ္ဆာန်ကို အချို့က ရိုက်သတ်လိုက်၍ ဖြစ်စေ၊ ရက်ပိုင်းအတွင်း သေဆုံးသွားလျှင်ဖြစ်စေ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးရန် လိုအပ်ပါသည်။ စစ်ဆေးမှု ရလာဒ်အဖြစ် ခွေးရူးရောဂါ မဟုတ်ဟု အဖြေထွက်ပါက ခွေးရူးရောဂါ ဖြစ်ပွားသော အဖြစ်အပျက်များ မကြာခဏ ဖြစ်ပေါ်နေသည်ဟု ကြားသိရပါက ကာကွယ်ဆေးထိုးထားလျှင် စိတ်ချရပေသည်။
ထိတွေ့မှု အမျိုးအစားများ
အုပ်စု (၁) တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်သော အုပ်စု၊ တိရစ္ဆာန်များကို အစာခွဲကျွေးသော အုပ်စု၊ တိရစ္ဆာန်တို့က လျှာဖြင့်လျက်ခြင်းကို ခံရသောအုပ်စု။
အုပ်စု (၂) အရေပြားကို ငုံခဲရသောလူများ၊ အနည်းငယ် ကုတ်ခြစ်ခံရသော လူများ၊ ပွန်းပဲ့သော်လည်း ဒဏ်ရာမှ သွေးမထွက်သော လူများ၊ အနာရှိသည့်နေရာကို တိရစ္ဆာန်က လျှာနှင့်လျက်ခြင်းခံရသော လူများ။
အုပ်စု (၃) အရေပြားအောက်ထိ နက်ရှိုင်းအောင် အကိုက်ခံရသော ဒဏ်ရာတစ်ခု သို့မဟုတ် ဒဏ်ရာများရရှိသူ နက်ရှိုင်းစွာ ကုတ်ခြစ်ခံရသူ၊ တိရစ္ဆာန်၏ ပါးစပ်မှ သွားရည်များဖြင့် ထိတွေ့ခံရသူ၊ လင်းနို့ကိုက်ခြင်း၊ ကုတ်ခြင်းခံရသူတို့ ဖြစ်ကြပါသည်။
အုပ်စု (၁) မှ လူများသည် ဒဏ်ရာအနာ လုံးဝမရှိပါက သို့မဟုတ် တိရစ္ဆာန်ကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း သေချာစွာ ဆေးကြောပြီး စနစ်တကျ သန့်ရှင်းရေးလုပ်တတ်သူဖြစ်ပါက ကာကွယ်ဆေးမထိုးဘဲ နေနိုင်သည်။
အုပ်စု (၂) မှ လူနာများသည် အနာကို ကုသရန် လိုအပ်သကဲ့သို့ ခွေးရူးရောဂါ ကာကွယ်ဆေးအပြင် ခုခံအားပါဝင်သည့် (Rabies Immune Globuline) ကိုပါ ချက်ချင်းထိုးရန် လိုအပ်သည်။ အနာနှင့် ဒဏ်ရာများကို ရေများစွာနှင့် ဆေးကြောပြီး ကုသမှုခံယူရမည်။
Credit: Dr. Htoo Tint Ko Ko