အဆိပ်မိခြင်း
30-Oct-2016အဆိပ်အမျိုးမျိုးရှိသည်။ စားဆေး-ထိုးဆေး၊ အစားအစာ၊ ဓာတ်ငွေ့။ လူနာသည် အကြောင်းမရှိ နေမကောင်းလျှင်လဲ သံသယရှိပါ။
ဖြစ်စေသည့်အကြောင်းအရင်းများ
------------------------------------
ဆေးဝါးလွန်လျှင်လဲ ဖြစ်တတ်သည်။ အလုပ်ခွင်မှာလည်း ဖြစ်တတ်သည်။လက္ခဏာများ
- နှုတ်ခမ်းပြာခြင်း၊
- အရေပြားတွင် အနီပြင်-အဖု-အပိန့်ထွက်ခြင်း၊
- အသက်ရှူခက်ခြင်း၊
- ၀မ်းပျက်ခြင်း၊
- ပျို့အန်ခြင်း၊
- ကိုယ်ပူခြင်း၊
- ခေါင်းကိုက်ခြင်း၊
- မူးဝေခြင်း၊ ငိုက်ခြင်း၊
- မျက်စိက ၂ ခုမြင်ခြင်း၊
- ရင်ဘတ်-၀မ်းဗိုက်နာခြင်း၊
- ဂနာမငြိမ်ဖြစ်ခြင်း၊
- ကြွက်သား လှုပ်ခြင်း၊
- တက်ခြင်း၊
- အားယုတ်ခြင်း၊
- သတိမေ့ခြင်း၊
ကုသရန်
---------
- ဘယ်အဆိတ်ဆိုသည်ကို စူးစမ်းပါ။
- ၀မ်းဗိုက်ထဲဝင်သည့် အဆိပ်ကို ထုတ်ပစ်ရန် တမင်တကာအန်အောင် လုပ်ပါ။
- အန်ဖတ်များ အရေပြားပေါ်ကျလျှင် ဆေးပစ်ပါ။
- တက်နေလျှင် ဒဏ်ရာထပ်မရအောင်လုပ်ပါ။
- လေကောင်းလေသန့်ဝင်အောင်လုပ်ပါ။
- မိမိကလေကို တစ်ဝကြီးရှူပြီးမှ အဆိပ်ငွေ့ သင့်သူများ ကယ်ထုတ်ပါ။
- မီးခြစ်မသုံးရ။
- နည်းမသိဘဲ တမင်တကာ အန်အောင်မလုပ်ရ။
- ရေနံ၊ ဓာတ်ဆီ သောက်သူများကို အန်အောင်မလုပ်ရ။
- ကြက်ဥအကာပေးနိုင်သည်။
- ဆေးပြားသောက်သူများအား အန်အောင်လုပ်။ အစာအိမ်ဆေးပေးရမည်။
- ပိုးသတ်ဆေး (မာလာသေယွန်) (အင် ဒရင်း) သောက်သူများအား (Atropine) ထိုးဆေးများများ ပေးရသည်။
- မြွေကိုက်လျှင် မြွေအမျိုးအစားအလိုက် မြွေဆိပ်ဖြေဆေးပေးရမည်။
Ref:
Myanmar First Aid
20.10.2015
မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment
(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။