ရေနွေးပူလောင်ရင် ဘာလုပ်ရမလဲ
30-Oct-2016
ရေနွေးပူလောင်ရင် လောင်ပြီးပြီးချင်း ရေဘုံပိုင်ကို ဖွင့်ပြီး ကျလာတဲ့ရေအောက်မှာလောင်တဲ့နေရာကို ထားရပါမယ်။ ရေဘုံပိုင်မရှိခဲ့ရင်တော့ ရေကိုခပ်ပြီး လောင်းချတာ၊ စိမ်တာမျိုးကို ချက်ချင်းလုပ်ရပါမယ်။ ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်ထိရေနဲ့ အပူလောင်တဲ့နေရာနှင့် ထိတွေ့ရပါမယ်။ ဒီလိုလုပ်တာဟာ အပူလောင်တဲ့ဝေဒနာကို သက်သာစေရုံသာမက အနာကျက်မြန်စေပါသည်။ အပူလောင်တဲ့နေရာကို ပတ်တီးစည်းတာမျိုး မလုပ်ရပါဘူး။ အရည်ကြည်ဖုထတာ ပိုဆိုးစေလို့ပါ။ ပြီးတော့ ငံပြာရည်၊ ဆား၊ ဆပ်ပြာ စတဲ့ ကြားဖူးနားဝနည်းလမ်းတွေနှင့် အပူလောင်တဲ့နေရာကို မပွတ်ပါနဲ့။ အပူလောင်လောင်ချင်းရေနှင့်ထိတွေစေပြီးရင် သန့်စင်တဲ့ Vinegar ရည်ကို အစက်နည်းနည်းချပြီး တို့ပေးရင် ပိုးမွှားသန့်စင်ပေးပြီး ဒဏ်ရာမြန်မြန်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ သွားတိုက်ဆေး ခပ်ပါးပါး သုတ်လိမ်းပေးရင်လည်း နာကျင်တာသက်သာစေပြီး အနာကျက်မြန်စေပါသည်။ ရှားစောင်းလက်ပပ် ဂျယ်လီသားလေးကို လောင်စတဲ့နေရာမှာ သုတ်လိမ်းပေးရင် အနာကျက်မြန်စေပြီး အေးမြစေပါသည်။ ပျားရည်သန့်သန့်နှင့် အပူလောင်နေရာကို သုတ်လိမ်းပေးတာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ အပူလောင်တာ အနည်းအများကွာခြားချက်ရှိတာကြောင့် ပြင်းထန်တဲ့အခြေအနေမှာ ဆရာဝန်နှင့် ပြဖို့ အရေကြီးပါသည်။
Dr.Hnin
Ziwaka Magazine
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
