4 Ways to Overcome Panic Attacks Forever
29-Aug-2020
လူအများစုတွင် စိတ်ဖိစီးမှု များလွန်းခြင်းကြောင့် စိတ်ခံစားချက်ပြင်းထန်ကာ Panic attack ဖြစ်ပွါးတတ်ပါသည်။ လက္ခဏာများ ပြင်းထန်လေ့ရှိသော်လည်း ဖြေရှင်းနိုင်ပါသည်။
Ø အဓိက လက္ခဏာများမှာ….
နှလုံးခုန်မြန်ခြင်း၊ ရင်ညွန့်၌စူးအောင့်ခြင်း သို့ သွေးပေါင်တက်ခြင်း၊ လက်များတဆတ်ဆတ်တုန်ခြင်း၊
အသက်ရှူမြန်ခြင်း၊ လက်များ စပ်ဖျဉ်းဖျဉ်းခံစားရခြင်း (သို့) လက်များထုံခြင်း စသည်တို့ဖြစ်ပါသည်။
Ø ဘယ်လိုတွေဖြစ်ပေါ်လေ့ရှိလဲ?
Panic attack ဟာ အချိန်ခဏလေးအတွင်းမှာပဲ ဖြစ်ပြီး ချက်ချင်းပြန်ပျောက်လေ့ရှိပါသည်။ အချိန်အားဖြင့် ၅-၁၀ မိနစ်သာ ကြာလေ့ရှိပါသည်။
ဖြစ်ပွါးပြီးလျှင်လည်း ခန္ဓာကိုယ်တခုလုံး ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ ကျွနု်ပ်တို့ ဦးနှောက်မှ ခန္ဓာကိုယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြိုတင်ပြင်ဆင်ထားခိုင်းခြင်းကြောင့် ခန္ဓာကိုယ်မှ စွမ်းအင်အများကြီးယူသုံးလိုက်ခြင်းကြောင့်ဖြစ်ပါသည်။
တခါတရံတွင် ခန္ဓာကိုယ်နာကျင်ကိုက်ခဲနေတတ်ပြီး ဆရာဝန်များဆီ မကြာခဏသွားရတာမျိုးလည်း ရှိတတ်ပါသည်။
Panic attack ရနေချိန်တွင် ကျွနု်ပ်တို့မှာ အမှန်တကယ်ခံစားရသည့်အခြေအနေအစစ်အမှန်ကို သတိမပြုဘဲ ထင်ယောင်ထင်မှားဖြစ်ကာ အစိုးရိမ်လွန်ခြင်း၊ အကြောက်လွန်ခြင်းများဖြစ်နေတတ်ပါသည်။
Panic attack ရပုံခြင်းသည် လူတစ်ဦးနှင့် တစ်ဦးမတူနိုင်ပါ။ ဖြစ်တောင့်ဖြစ်ခဲအပြုအမူ အများဖြင့်Panic attack ကို တုံ့ပြန်နိုင်ပါသည်။
Ø Panic attack ဆိုတာဘာလဲ?
အန္တရာယ်ရှိသော အခြေအနေတွင် ကျွနု်ပ်တို့ခန္ဓာကိုယ်မှ ပြန်တိုက်ခိုက်ရန် သို့ မနိုင်နိုင်လျှင် ပြေးရန်
စသည်တို့ပြုလုပ်ရန် ပြင်ဆင်ထားလေ့ရှိပါသည်။ ထိုသို့ ပြင်ဆင်သည့်အချိန်တွင် အသက်ရှူမြန်ခြင်း၊
ချွေထွက်ခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။ Panic attack ဆိုသည်မှာ စိတ်ဖိစီးမှုများသည့်အချိန်တွင်
အမှန်တကယ် အန္တရာယ်ရှိသော အခြေအနေ မဟုတ်သော်လည်း အန္တရာယ်ရှိနေသကဲ့သို့ ခန္ဓာကိုယ်မှ
ပြင်ဆင်သည့်အတွက် အထက်ပါ လက္ခဏာများဖြစ်ပေါ်လာခြင်းဖြစ်သည်။
Ø ဖြစ်လာရင် ဘာလုပ်သင့်လဲ?
Panic attack ဖြစ်သည်ဟုသတိထားမိလျှင်..
1. Panic attack ဖြစ်ခြင်းကြောင့် အသက်ဆုံးရံှုးနိုင်ခြင်း မရှိနိုင်ကြောင်း သတိပြုလိုက်ပါ။
2. တိတ်ဆိတ်အေးချမ်းသောနေရာသို့သွားပါ။
3. အသက်တဝကြီးကို အကြိမ်များများရှူပါ။
4. အကြောများ ဖြေလျော့ပါ။
Ø နောက်ထပ်မဖြစ်အောင် ဘယ်လိုဆင်ခြင်သင့်လဲ?
1. စိတ်ဖိစီးမှုများကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
2. အနားယူတတ်အောင်လေ့ကျင့်ပါ။ (ဥပမာ ကောင်းမွန်စွာအိပ်စက်အနားယူခြင်း၊ အချိန်မှန်မှန် အနားယူခြင်း၊ ကျန်းမာမျှတစွာစားသောက်ခြင်း၊ တရားထိုင်ခြင်း)
3. ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
4. မိမိကို Panic attack ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေပြီး တတ်နိုင်သမျှရှောင်ကြဉ်ပါ။
Reference- Brightside
Dr.Lwin Moe Kyaw
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
