အင်းဆက်ကိုက်ခြင်း
30-Oct-2016
အင်းဆက်တွေက ပူတဲ့ အချိန်တွေမှာ ပိုပေါတတ်ပါတယ်။ အင်းဆက် အကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှုလျော့ကျစေနိုင်ပါတယ်။ ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill)ကိုသောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်းဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲတင်းကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
