Print

ဆံပင်ဆေးဆိုးခြင်းအကြောင်း သိကောင်းစရာ

  29-Oct-2016
Preview Image

- အမျိုးသမီးလေးဦးမှာ သုံးဦးဆံပင် ဆေးဆိုးကြပါတယ်။ ဆံပင်ဖြူကိုဖုံး ကွယ်ဖို့ဖြစ်စေ၊ ဖက်ရှင်အလှဆင်ဖို့ ဖြစ်စေ ဆေးဆိုးကြသလို အချို့က တော့ အပြောင်းအလဲလုပ်ချင်လို့

ဆေးဆိုးကြပါတယ်။ ဆံပင်အရောင်ချွတ်လိုက်တဲ့အခါ အဖြူရောင် (သို့) နို့နှစ်ရောင် ကျန်ခဲ့ ပေမယ့် ဆံပင်မကျွတ်စေနိုင်ပါဘူး။- ဆံပင်တစ်ခါတစ်ခါဆေးဆိုးချိန် ကြားမှာအနည်းဆုံး တစ်လခန့် ခြား သင့်ပါတယ်။ မကြာခဏဆေးဆိုးနေ မယ်ဆိုလျှင် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ခြောက်သွေ့ခြင်းတို့ဖြစ်စေပါတယ်။ ဆံပင်အရောင်နှင့်လိုက်ဖက်

အောင် မျက်ခုံးမွေး အရောင်မဆိုးသင့်ပါ။ ဆံပင်ဆိုးဆေးကိုမျက်ခုံးမွေးမှာ သုံးတဲ့အခါ အရေပြားဓါတ်မတည့်မှု ဆိုးဆိုးရွားရွားဖြစ်စေပါတယ်။ မျက်ခုံး မွေးဆွဲခဲတံ၊ ပေါင်ဒါ၊ ဂျယ်လီတို့ကိုသာ အသုံးပြု၍မျက်ခုံးမွေးအလှဆင်ပါ။

 

-ဆံပင်ဆိုးဆေးတစ်ခုခုမိမိနှင့်တည့်မတည့်သိလိုလျှင် အနံ့ခံကြည့်ပါ။

နှာချေလာတာ၊ ချောင်းဆိုးလာတာရှိ လျှင် မတည့်ပါ။ ဆံပင်ဆိုးဆေးတစ် စက်ခန့် လက်မောင်းမှာဖြစ်စေ၊ နား ရွက်အနောက်မှာဖြစ်စေ တို့ထိကြည့် ပြီး နှစ်ရက်အတွင်း အဖုအပိမ့်တွေ ပေါက်လာလျှင်မတည့်ပါ။

 

- မိမိလိုချင်တဲ့ အရောင်ရဖို့ ဆံ ပင်ဆိုးဆေးနှစ်ခုကို မစပ်ပါနှင့်။- lead acetate ဓါတု

ပစ္စည်းဟာ ဆံပင်အနက်ဆိုးဆေးတို့မှာ အတွေ့ ရများပါတယ်။ ၄င်းပါဝင်တဲ့ဆိုးဆေး

တွေကို ဥရောပနှင့် ကနေဒါတို့မှာ ပိတ်ပင်ထားပေမယ့် ကျန်နိုင်ငံတွေ မှာ သုံးနေကြဆဲ

ဖြစ်ပါတယ်။

 

- ဆံပင်ဆေးဆိုးတဲ့အခါ ဓါတုပစ္စည်း အနည်းငယ်ဦးရေပြားကတစ်ဆင့် ဝင်ရောက်

တတ်ပေမယ့် သန္ဓေသားကို ထိခိုက်မှုမရှိပါဘူး။

 

Ref:

ဇော်ကို

Health updates journal

Source:WebMD

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18