Print

မျက်ကွင်းညိုခြင်းအတွက် အလွယ်နည်းများ

  29-Oct-2016
Preview Image

မျက်ကွင်းညို၍ စိတ်ညစ်နေသူများအတွက် အိမ်တွင်းကု အလွယ်ကူဆုံး သဘာဝနည်းလေးများကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ မျှဝေပေးလိုက်ပါ

ရစေနော်။

 

နည်းလမ်း(၁)

--------------

 

သခွါးသီးကို အကွင်းလိုက်လှီး၍ ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် အေးအောင် ထည့်ထားပါ။ (ရေခဲသေတ္တာမရှိလျှင်လည်း သခွါးသီးဟာ သဘာဝအတိုင်းအေးပြီးသားမို့

ဒီအတိုင်း သုံးနိုင်ပါတယ်) အေးသွားတဲ့ သခွါးသီးကွင်းကို မျက်လုံးပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ တစ်ပတ်ကို ၄ ရက်လောက် လုပ်ပေးနိုင်ပါတယ်။

 

နည်းလမ်း(၂)

--------------

 

ရေခဲတုံးလေးများဖြင့် မျက်ခွံများပေါ်တွင် ခံနိုင်သလောက် ကပ်ခွါကပ်ခွါ လုပ်ပေးပါ။

နေ့စဉ် လုပ်ပေးနိုင်ပါတယ်။

 

နည်းလမ်း(၃)

--------------

 

စတီးဇွန်းကို ရေခဲသေတ္တာထဲ အေးအောင် ထည့်ထားပြီးလျှင် မျက်လုံး၏

အောက်နားကို ၁၀ မိနစ်ခန့် ကပ်ပေးပါ။ ဒီနည်းကိုလည်း နေ့စဉ် လုပ်ပေးနိုင်ပါတယ်။

 

နည်းလမ်း(၄)

--------------

 

အလှကုန်ဆိုင်တွေမှာရောင်းတဲ့ အကောင်းစားတံဆိပ် Eye Roll တစ်ခုခုကို ၀ယ်ပြီး မကြာခဏ လိမ်းခြယ်ပေးပါ။ အထက်ပါ နည်းလမ်း(၄)မျိုးထဲမှ မိမိနှင့်အဆင်ပြေမည့် နည်းလမ်းကို ရွေးချယ်ပြုလုပ််ပေးနိုင်ကြပါတယ်။ မျက်ကွင်းညိုခြင်း ကင်းဝေးနိုင်ကြပါစေနော်။

 

Ref:

စောနွဲ့နေဆိုင်(ပူတာအို)

ကိုးကား - How to hide dark circles eyes

Saw Noi Nay Saing – Putao

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18